
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ပထမဦးဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ရောင်းချမယ့် ကျောက်စိမ်းအရိုင်း၊ အချောထည်တွေနဲ့ ကျောက်မျက်ရတနာရောင်းချပွဲကို အောက်တိုဘာ ၂၂ရက်နဲ့ ၂၃ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဆိုင်ခန်းပေါင်း ၅၀ နဲ့ ကျောက်မျက်ရတနာတွေကို ခင်းကျင်းရောင်းချသွားမှာဖြစ်ပြီး အခြေခံကြမ်းခင်းစျေး ကျပ်သိန်း ၃၂၀၀ တန်အထိ ရောင်းချသွားမှာ ဖြစ်ပါတယ်။ တန်ချိန်အနေနဲ့ တန် ၁၀၀၀၀ ကျော်ရောင်းချသွားမှာဖြစ်တယ်လို့ မန္တလေးကျောက်မျက်အသင်း နာယက ဦးစိုးလွင်က ပြောပါတယ်။
တော်ဝင်စိန်တိုက်၊ သဇင်ပန်းစိန်ရွှေရတနာဆိုင်၊ ရွှေမင်းကုန်းကုမ္ပဏီ၊ ကောင်းထက်ဆု ကုမ္ပဏီစတဲ့ ကျောက်မျက်ရတနာဆိုင်တွေက လာရောက်ခင်းကျင်းပြီး မြန်မာကျပ်ငွေနဲ့ ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။











