DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများကို မိုဘိုင်းဖုန်းဖြင့် ငွေသားထောက်ပံ့မှုအစီအစဉ် ကရင်ပြည်နယ်တွင်စတင်
DVB
·
October 22, 2019
မသန်စွမ်းသူများကို မိုဘိုင်းဖုန်းဖြင့် ငွေသားထောက်ပံ့မှုအစီအစဉ် ကရင်ပြည်နယ်တွင်စတင်
Donate to DVB

မသန်စွမ်းသူတွေကို မိုဘိုင်းဖုန်းနဲ့ ငွေသားထောက်ပံ့တဲ့အစီအစဉ်ကို ကရင်ပြည်နယ်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ အောက်တိုဘာ ၂၁ ရက်က Electronic Cash Transfer လုပ်ငန်း ကနဦးဆောင်ရွက်မှု အစီအစဉ် မိတ်ဆက်ပွဲနဲ့ စီမံချက်ထပ်တိုး​ဆောင်ရွက်မယ့် ကျေးရွာတွေ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြီး စတင်လိုက်တာပါ။

မသန်စွမ်းသူတွေကို မိုဘိုင်းဖုန်းနဲ့ ငွေသားထောက်ပံ့တဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ပူးပေါင်း‌ဆောင်ရွက်ပေးကြဖို့  ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က တိုက်တွန်း လိုက်ပါတယ်။

“မိုဘိုင်းဖုန်းနဲ့ ငွေသား ထောက်ပံ့တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမှာ အောင်မြင်မှုတွေရှိသလို အခက်အခဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ ဒီအခက်အခဲတွေကို ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး သက်ဆိုင်ရာဌာနဲ့ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အောင်မြင်စွာကျော်ဖြတ်နိုင်အောင် ပူးပေါင်း‌ဆောင်ရွက်သွားဖို့တိုက်တွန်းပါတယ်”

မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့တဲ့အစီအစဉ်တွေမှာ လူကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပြီးထောက်ပံ့ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ လျော့နည်းစေဖို့နဲ့ Electronic Cash Transfer ခေတ်မီနည်းစနစ်တွေပြောင်းလဲပြီး လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန့်ကြားရေးမှူး ဦးဇော်မင်းက“ ဒီအစီအစဉ် စဖြစ်မယ်ဆိုလိုရှိရင် နိုင်ငံတော်အတွက်ရော ကျနော်တို့ဝန်ကြီးဌာနအတွက်ရော ငွေကုန်ကြေးကျ လည်း သက်သာမယ်။ လူတွေ အင်အားတွေ အသုံးပြုတာတွေ သက်သာသွားမယ်”လို့ ပြောပါတယ်။

မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့ရေး အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့(မြန်မာ) Help Age International Program Manager တို့ပူးပေါင်းပြီး Electronic Cash Transfer စနစ်နဲ့ ငွေသားထောက်ပံ့ပေးမှု လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။

၂၀၁၉ ဇန်နဝါရီလကစတင်ပြီး Electronic Cash Transfer စနစ်နဲ့ ငွေကြေး ထောက်ပံ့တာတွေကို ဖာပွန်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာက မသန်စွမ်းသူ ၁ ဦးကို တစ်လ ကျပ် ၁၅၀၀၀ နဲ့ အကျိုးခံစားခွင့်ရှိသူ ၁၃၄ ဦးကို လစဉ်ထောက်ပံ့ပေးအပ်ခဲ့ရာက ကျေးရွာ ၂၀ ကို ထပ်မံ‌တိုးချဲ့ဆောင်ရွက်သွားမှာပါ။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013