DVB Logo
Home
မြန်မာသတင်း
အိုင်စီအာစီအကြီးအကဲ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ
DVB
·
January 14, 2013
အိုင်စီအာစီအကြီးအကဲ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ
Donate to DVB

နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ)ရဲ့ ဥက္ကဋ္ဌ ပီတာမာအူယာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေပြီး ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ တခြားထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_35310" align="alignleft" width="300" caption="အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမာအူယာ"][/caption]

အိုင်စီအာစီအကြီးအကဲဟာ  အိုင်စီအာစီအမှုထမ်းတွေကို အကျဉ်းထောင်တွေထဲ ၀င်ခွင့်ပေးမယ်လို့ မြန်မာအစိုးရက ကြေညာထားတဲ့ကိစ္စ၊ ကချင်နဲ့ ကရင်ပြည်နယ်စတဲ့ ပဋိပက္ခ္ခဖြစ်ရာ ဒေသထဲကို ၀င်ရောက်လေ့လာခွင့်ပေးဖို့ ကိစ္စနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဆောင်ရွက်နေတဲ့ အိုင်စီအာစီရဲ့ လက်ရှိနဲ့ အနာဂတ်လုပ်ငန်းကိစ္စတွေ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ အိုင်စီအာစီက ထုတ်ပြန်ကြေညာထားတာပါ။

ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ကျနော်တို့ဘက်မှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ အိုင်စီအာစီအနေနဲ့ မြန်မာနိုင်ငံမှာ ပြန်လည်ဝင်ရောက်လာနိုင်မယ့် လုပ်ငန်းကိစ္စတွေ ဆွေးနွေးကြတာပါ။ မြန်မာနိုင်ငံထဲမှာ အိုင်စီအာစီက လုပ်ဆောင်ချင်တဲ့လုပ်ငန်း၊ ဆက်လက်ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အဲဒါတွေအားလုံးကို ဆွေးနွေးခဲ့တယ်။ ကျနော်တို့က ကျနော်တို့ဆီက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ အခြေအနေတွေအားလုံးကို ဆွေးနွေးခဲ့ကြတယ်။”

အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာ မာအူယာကတော့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ ကျနော်တို့နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေပြီလို့ မြန်မာအစိုးရပြောထားပြီးပါပြီ။ ဒါဟာ နှစ်ဖက် တွေ့ဆုံဆွေးနွေးရေးနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အိုင်စီအာစီတို့အကြား ဆက်ဆံရေးတိုးတက်မှုရဲ့ အရေးပါတဲ့ ခြေတလှမ်း ရှေ့ကို လှမ်းလိုက်တာပဲ ဖြစ်တယ်လို့ အိုင်စီအာစီ ၀က်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။

အိုင်စီအာစီ အကြီးအကဲဟာ ဇန်န၀ါရီ ၁၃ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို  ရောက်ရှိနေတာ ဖြစ်ပြီး ခရီးစဉ် ၆ရက်ကြာမြင့်မှာဖြစ်ပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ကို အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား တွေရဲ့ နေရေး၊ ထိုင်ရေးနဲ့ လူမှုဖူလုံရေးကိစ္စတွေ ကူညီဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကြေညာလိုက်ပြီးနောက် ခုလို အိုင်စီအာစီအကြီးအကဲတဦးအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013