DVB Logo
Home
မြန်မာသတင်း
'ငါ့ရည်းစားက ပိုမိုက်တယ်'သီချင်း အန်နီမေးရှင်း  Asian Academy Creative ဆုရရှိ(ရုပ်သံ)
DVB
·
October 22, 2019
'ငါ့ရည်းစားက ပိုမိုက်တယ်'သီချင်း အန်နီမေးရှင်း  Asian Academy Creative ဆုရရှိ(ရုပ်သံ)
Donate to DVB

Pencell Studio ကဖန်တီးထားတဲ့ 'ငါ့ရည်းစားက ပိုမိုက်တယ်'သီချင်း MTV အန်နီမေးရှင်းဟာ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Asian Academy Creative Awards 2019 မှာ Best Animated Programme/Series Category အတွက် Regional Winner ဆုချီးမြှင့်ခံရ ပါတယ်။

       စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးနဲ့အဖွဲ့သီဆိုထားကြတဲ့ အဲဒီသီချင်းကို Pencell Studio  မှ Music Video အနေနဲ့ Animation ပုံစံဖန်တီးခဲ့တာဖြစ်ပြီး စတင်ထွက်ရှိချိန်ကတည်း က ပရိသတ်စိတ်ဝင်စား အားပေးမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

       “မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်…ဟေ့ကောင်  ငါ့စော်ပိုမိုက်တယ်…(ပိုမိုက်တယ်)… မင်းစော်ထက် ငါ့စော်ကပိုမိုက်တယ်… ဟေ့ကောင်  ငါ့စော်ပိုမိုက်တယ်”

       ဒီသီချင်းတေးသွားတွေဟာ ပရိသတ်တွေနဲ့ တရင်းတနှီးဖြစ်နေခဲ့ပြီး နှုတ်ခမ်းနီလေးတွေရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းနဲ့အဖွဲ့က ထုံစံအတိုင်း မြူးမြူးကြွကြွသီဆို တင်ဆက်ခဲ့တာပါ။

       လတ်တလောမှာတော့ Pencell Studio ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၂ သန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Pencell Studio ဟာ  ဒါရိုက်တာဉာဏ်ကျယ်စေနဲ့ အဖွဲ့သားတွေ စုပေါင်းတည်ထောင်ထားတာဖြစ်ပြီး အဲန်နီ မေးရှင်းဇာတ်လမ်းတိုတွေ၊ ကြော်ငြာတွေနဲ့  အသိပညာပေးအစီအစဉ်တွေမှာ ပါဝင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Pencell Studio ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း Big Bag အဖွဲ့ရဲ့ ‘သတိရတယ်’ တေးသီချင်း Music Video နဲ့ နော်ဝေနိုင်ငံမှာ ပြုလုပ်တဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ရရှိခဲ့ပါသေး တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013