DVB Logo
Home
Lead Story
တခါက ရော့ခ်အင်ရိုး (သို့) တေးသံရှင်ဘိုဘို တကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်(ရုပ်သံ)
DVB
·
October 22, 2019
တခါက ရော့ခ်အင်ရိုး (သို့) တေးသံရှင်ဘိုဘို တကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်(ရုပ်သံ)
Donate to DVB

       “ပျံသန်းသွားတော့… ဟို အဝေး… တို့ဝေးရာ… အချစ်ရေ နေဦး… တို့မတားလိုက် တော့နိုင်ဘူး… ချန်ရစ် ထားခဲ့ပါ… နောက်ဆုံး ချစ်ခြင်းကို… ပျံသာသွားပါ… ငါ့ကိုထား ခဲ့”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလတွေဆီကို ပြန် လည်အမှတ်ရမိကြမှာ ဖြစ်ပါတယ်။

       ဒါကတော့ တချိန်က ပရိသတ်နှုတ်ဖျားမှာ စွဲပြီး ရော့ခ်သီချင်းပေါင်းများစွာနဲ့ နာ မည်ကြီးခဲ့တဲ့ တေးသံရှင် ဘိုဘိုရဲ့ တို့ဝေးရာအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါ တယ်။

       ဒီတခါမှာတော့ ဒီသီချင်းအပါအဝင် နာမည်ကြီးခဲ့တဲ့ သူ့ရဲ့သီချင်းတွေနဲ့ အားပါးတရ ဖျော်ဖြေမယ့် တကိုယ်တော် ဖျော်ဖြေပွဲကို ဒီကနေ့ညနေပိုင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

       ဒီပွဲရဲ့ အမည်ကိုတော့ "တစ်ခါက ရော့ခ်အင်ရိုး" လို့အမည်ပေးထားပြီး  ရန်ကုန်မြို့ မှ The Radio Bar မှာ ည ၈ နာရီ အချိန်မှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

သီချင်းရေးသူ တယောက်အဖြစ်ရော၊ အဆိုတော်တယောက်အနေနဲ့ပါ ထင်ရှားခဲ့တဲ့ ဘိုဘိုဟာ ဝင်ရိုးတန်းအိပ်မက်၊ တို့ဝေးရာ၊ ကြယ်ကြွေကောက်သူ၊ အသက်ထက်ဆုံး မင်းကိုချစ်လို့၊ အကောင်းစားတေးများ စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် ၅ ချပ် ထွက် ရှိထားခဲ့ပြီး အတွဲသီချင်းအယ်လ်ဘမ်တွေမှာလည်း သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ အဆိုတော် ဘိုဘိုက တေးသီချင်း အပုဒ်ပေါင်း ၂ဝ နီးပါးကို ဖျော်ဖြေမှာဖြစ်ပြီး စုံတွဲသီချင်းတွေကိုတော့ လူငယ်အမျိုးသမီးအဆိုတော် ဖြူဖြူဟန်နဲ့ တွဲဖက် သီဆိုသွားမှာလည်း ဖြစ်ပါတယ်။

တနေ့နေ့၊ မသိလမ်း၊ တို့ဝေးရာ၊ နှောင်ကြိုးလေးတစ်မျှင်၊ လွမ်းဆွတ်ခြင်းဒဏ်ရာ၊ ချစ်သူများရဲ့ မနက်ဖြန် စတဲ့တေးသီချင်းတွေနဲ့ ဂီတအနုပညာချစ်သူတွေကြားမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးနေရာယူထားနိုင်ခဲ့တဲ့ အဆိုတော် ဘိုဘိုရဲ့ ဒီဖျော်ဖြေပွဲမှာတော့  R.O.S တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ တင်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013