DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်ဂေးမော်ဒယ်နှင့် သရုပ်ဆောင်ထွန်းထွန်း၊ဒေါက်ဖိနပ်စီး Catwalk လျှောက်သည့် ရုပ်သံ ကြည့်ရှုသူ ၃ သန်းနီးပါးရှိနေ(ရုပ်သံ)
DVB
·
October 22, 2019
ဖိလစ်ပိုင်ဂေးမော်ဒယ်နှင့် သရုပ်ဆောင်ထွန်းထွန်း၊ဒေါက်ဖိနပ်စီး Catwalk လျှောက်သည့် ရုပ်သံ ကြည့်ရှုသူ ၃ သန်းနီးပါးရှိနေ(ရုပ်သံ)
Donate to DVB

       မြန်မာသရုပ်ဆောင် အဆိုတော် ထွန်းထွန်းဟာ ဖိလစ်ပိုင်နာမည်ကျော် ဂေးမော် ဒယ်နဲ့အတူ အပေါ်ပိုင်းဗလာကျင်း၊ ဒေါက်ဖိနပ်စီးပြီး Catwalk လျှောက်ခဲ့ကြတဲ့ ရုပ်သံဗွီ ဒီယိုဖိုင်ဟာ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိ နေခဲ့ပြီ ဖြစ်ပါတယ်။

       အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို  ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါ တယ်။

သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူး ခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။

The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ လာရောက်ခဲ့ပြီးချိန်မှစပြီး မြန်မာပရိသတ်တွေကြားမှာ ထင်ရှားလာခဲ့ပြီး ပရဟိ တလုပ်ငန်းတွေ၊ လူမှုကူညီရေးအစီအစဉ်တွေမှာလည်း တက်တက်ကြွကြွပါဝင်လေ့ရှိသူမို့ ချစ်ခင်အားပေးမှုရရှိနေသူ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ Examplez ဆိုတဲ့ အမျိုးသား တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လောကထဲကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ် အားပေးမှု ရရှိထားခဲ့သူ ဖြစ်ပါတယ်။

အုတ်ကြားမြက်ပေါက်ရုပ်ရှင်ကားနဲ့ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ဆုရရှိထားတဲ့ ထွန်းထွန်းဟာ လက်ရှိမှာတော့ ဒါရိုက်တာ မောင်မျိုးမင်းစီစဉ်တဲ့ နှင်းဆီ အဖွဲ့မှာလည်းပါဝင်လှုပ်ရှားနေပြီး နာမည်ကြီး အနုပညာရှင်တွေရဲ့ ပုံစံ၊ ဟန်ပန်တွေကို တုပအရွှန်းဖောက်တဲ့ နေရာမှာ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

ဒီတခါမှာတော့ သူက Sinon Loresca ရဲ့ ပုံစံအတိုင်းတုပကာ ဒေါက်ဖိနပ်စီး Catwalk လျှောက်ဟန်နဲ့ အတူတူတွဲကာ လျှောက်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်နဲ့ ပရိသတ်တွေ ကို ထပ်မံပြီး ဖမ်းစားလိုက်တာပါ။

ရုပ်သံဗွီဒီယိုဖိုင်အစပိုင်းမှာတော့ လျှောက်လမ်းကျဉ်းလေးတလျှောက် ထွန်းထွန်း က Sinon Loresca က နှုတ်ဆက်ပြောလေ့ရှိသလို “မင်္ဂလာပါမြန်မာ”လို့ အကျယ်ကြီး အော်လိုက်ပြီး လျှောက်လာခဲ့တာကို တွေ့ရမှာဖြစ်ပြီး လမ်းခုလတ်တနေရာကနေ Sinon က ထွက်လာခဲ့ကာ အတူ Catwalk လျှောက်ခဲ့ကြတာကို ရှူစားခဲ့ကြရတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်အပေါ် ပရိသတ်တွေကတော့ ချီးကျူးစကားတွေ မှတ်ချက်တွေ ပေးထားကြပြီး ပြန်လည်မျှဝေမှုတွေလည်း လုပ်နေကြကာ အွန်လိုင်းစာမျက်နှာတွေပေါ် ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013