DVB Logo
Home
မြန်မာသတင်း
ကွမ်းယာနှင့် ပတ်သက်ပြီး အသိပညာပေးမျှဝေခဲ့သည့် ဖိလစ်ပိုင်ဂေးမော်ဒယ်(ရုပ်သံ)
DVB
·
October 21, 2019
ကွမ်းယာနှင့် ပတ်သက်ပြီး အသိပညာပေးမျှဝေခဲ့သည့် ဖိလစ်ပိုင်ဂေးမော်ဒယ်(ရုပ်သံ)
Donate to DVB

ဒီကနေ့ခေတ်မှာ လူကြီးလူငယ်မရွေး ကွမ်းစားခြင်းအလေ့အထကို ပြုလုပ်လာနေကြပြီး အဲဒီအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေကြပါတယ်။

ကွမ်းစားခြင်းနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာအပြင် ကွမ်းတံတွေးတွေကို ကြုံရာ မဆင်မခြင်ထွေးခြင်းတွေက ပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်းတန်စေတာမို့ ဒါကလည်း အရေးတယူ လုပ်ဆောင်သင့်တဲ့ အခြေအနေတခု ဖြစ်လာနေပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား နာမည်ကျော် ဂေးမော်ဒယ်တယောက်ဖြစ်တဲ့ Sinon Loresca က ကွမ်းစားခြင်းအလေ့အထနဲ့ ပတ်သက်တဲ့ အပြုအမူ၊ ဆောင်ရန်ရှောင်ရန်တချို့ကို မျှဝေထားခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။

အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူးခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။

The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ လာရောက်ခဲ့ပြီးချိန်မှစပြီး မြန်မာပရိသတ်တွေကြားမှာ ထင်ရှားလာခဲ့ပြီး ပရဟိတလုပ်ငန်းတွေ၊ လူမှုကူညီရေးအစီအစဉ်တွေမှာလည်း တက်တက်ကြွကြွပါဝင်လေ့ရှိသူမို့ ချစ်ခင်အားပေးမှုရရှိနေသူ ဖြစ်ပါတယ်။

ကွမ်းစားခြင်းအလေ့အထနဲ့ ပတ်သက်ပြီး သူတင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထုံးစံအတိုင်းပဲ ဒေါက်ဖိနပ်အမြင့်ကြီးတရံကို စီးထားခဲ့ပြီး လမ်းဘေးပလက်ဖောင်းပေါ်မှာ ကွမ်းတံတွေး ထွေးထားတဲ့ ကြွပ်ကြွပ်အိတ်တအိတ်ကို ကိုင်လျက်သား အခြေအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Sinon Loresca က မင်္ဂလာပါ မြန်မာလို့ အစချီနှုတ်ဆက်လိုက်ပြီး သူခံယူထားတဲ့ အသိစိတ်နဲ့ ကောင်းတဲ့ အပြုအမူတွေကို အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေး ပြောပြထားခဲ့တာကို တွေ့ရမှာပါ။

သူပြောပြသွားတာတွေထဲမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာယာဉ်မောင်းတယောက်က လမ်းမပေါ် ကားတံခါးဖွင့် မဆင်မခြင် ကွမ်းတံတွေးထွေးတာကအစ ကွမ်းစားသူတွေအားလုံးကို ပလတ်စတစ်အိတ်လေးဆောင်ထားပြီး စည်းကမ်းတကျ ကွမ်းတံတွေးထွေးဖို့ လိုက်နာသင့်ကြောင်း မျှဝေထားခဲ့တာပါ။

ပရိသတ်တွေကတော့ သူ့ကို ချီးကျူးစကားတွေ မှတ်ချက်တွေ ပေးထားကြပြီး ပြန်လည်မျှဝေမှုတွေလုပ်နေကြကာ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013