ရုရှားအစိုးရအနေနဲ့ ယူကရိန်းအပေါ် အဆပေါင်းများစွာ ပိုပြီး အားကောင်းကောင်း လက်စားချေ တိုက်ခိုက် တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။
ပူတင်ဟာ ယူကရိန်းအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုတာတွေကို ငြင်းပယ်နေတယ်လို့ ပြီးခဲ့တဲ့အပတ်က ရုရှားသမ္မတနန်းတော် ကရင်မလင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်းက မကြာသေးမီက ရုရှားရေနံချက်စက်ရုံတွေနဲ့ ဆိပ်ကမ်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ ဆက်တိုက်ပွဲဝင်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်လို့ ရုရှားသမ္မတက ဆိုပါတယ်။
ပူတင်ဟာ မြို့တော် မော်စကိုမှာ ကျင်းပတဲ့ "အောင်ပွဲအတွက် အရာအားလုံး” လို့ နာမည်ပေးထားတဲ့ ပြပွဲတခုကို လှည့်လည်ကြည့်ရှုနေချိန်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










