DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ခေတ်ပေါ်နည်းပညာများ အသုံးပြုဆွေးနွေးရန် လွှတ်တော်က တိုက်တွန်း
DVB
·
January 11, 2013
ငြိမ်းချမ်းရေးအတွက် ခေတ်ပေါ်နည်းပညာများ အသုံးပြုဆွေးနွေးရန် လွှတ်တော်က တိုက်တွန်း
1 / 2
Donate to DVB

ကချင်ပြည်နယ် လက်နက်ပိုင်ပဋိပက္ခတွေအရေး နှစ်ဘက်တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင်ဖို့ ခက်နေချိန်မှာ အင်တာနက်ကတဆင့် ဆွေးနွေးကြဖို့  ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ လွှတ်တော်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က   ခေတ်မီနည်းပညာတွေနဲ့ ဗွီဒီယို ကွန်ဖရင့် ပြုလုပ်ဖို့နဲ့ ဆွေးနွေးပွဲတွေကိုလည်း ပြည်သူတွေ ထင်သာမြင်အောင်ရှိအောင် သတင်းထုတ်ပြန်ပေးဖို့ အဆိုတင်သွင်းခဲ့တာပါ။

“ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော အီလက်ထရောနစ် အွန်လိုင်းဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိသော ထုတ်ပြန်ခြင်းများဖြင့် ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားသည့် ဆွေးနွေးမှုများဖြင့် နားလည်မှုတည်ဆောက်ပြီး ဆက်လက်၍ ယုံကြည်မှုဖော်ဆောင်ကာ စစ်ရေးအရှိန်တင်းမာမှုများကို လျှော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်ပေးကြပါရန် ဥက္ကဋ္ဌကြီးကတဆင့် ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာများသို့ တိုက်တွန်းပေးပါရန် အဆိုကို လေးစားစွာ တင်သွင်းအပ်ပါတယ်။”

ဦးသိန်းဇော်တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ထောက်ခံတဲ့အတွက် အခုလိုလွှတ်တော်က တိုက်တွန်းလိုက်တာပါ။

ပြည်သူတွေဆီကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရင် ဘယ်အဖွဲ့က ငြိမ်းချမ်းရေး လိုလားတယ် မလိုလားဘူးဆိုတာ သိလာလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ကျနော်တို့သိတဲ့ အတွင်းပိုင်းအကြောင်းအရာတွေကကျတော့ အစိုးရရဲ့ အခက်အခဲတွေကို ကေအိုင်အို၊ ကေအိုင်အေဘက်က သိပ်သဘောမပေါက်ဘူးလို့ ထင်တယ်။ အစိုးရက စစ်အာဏာရှင်လက်ထက်ကလို နိုင်ငံရေးကိစ္စတွေကို သဘောတူပါတယ်။ လိုက်လျောပါမယ်လို့ ခေါင်းငြိမ့်နိုင်တဲ့ အနေအထားမရှိဘူး အခုက။ နိုင်ငံရေးအခွင့်အရေးတွေက တချို့ကိစ္စတွေမှာ သူတို့တင်ပြလာတာတွေကို ကြည့်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ်ရင်လည်း ရိုးရိုးဥပဒေကို ပြဋ္ဌာန်းပေးဖို့ အဲလို ဆုံးဖြတ်ရမှာဖြစ်တော့ လွှတ်တော်နဲ့ပဲဆိုင်တယ်။ ဒါကြောင့် လွှတ်တော်အတွင်းမှာ ဆုံးဖြတ်လာမယ့်ကိစ္စ၊ ရလာမယ့် အဖြေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတက ကတိမပေးရဲ၊ ခေါင်းမငြိမ့်ရဲတာ သဘာဝကျတယ်။ ဒါကို ဟိုဘက်က နားလည်ဖို့လိုတယ်။ အများမြင်သာအောင် လွှင့်ပြလိုက်ရင်တော့ ဘယ်ဘက်က ရိုးသားမှုရှိတယ်။ ဘယ်ဘက်က ရိုးသားမှုမရှိဘူး။ ဘယ်ဘက်ကငြိမ်းချမ်းရေး လိုလားတယ်၊ မလိုလားဘူးဆိုတာ ပြည်သူလူထုရှေ့မှာ ဘွားဘွားကြီး ပေါ်လာမှာပါ။”

ကချင်စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးစကားပြောဆိုဖို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013