DVB Logo
Home
Lead Story
မင်းကင်းမြို့ရဲ့အထင်ကရ ရွှေစကားဘုရားပွဲ (ဓာတ်ပုံ)
DVB
·
October 19, 2019
မင်းကင်းမြို့ရဲ့အထင်ကရ ရွှေစကားဘုရားပွဲ (ဓာတ်ပုံ)
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မင်းကင်းမြို့က အထင်ကရ ဘုရားပွဲတခုဖြစ်တဲ့ ရွှေစကားဗုဒ္ဓပူဇနိယ ဘုရားပွဲကို သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ကနေ ၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။

ဘုရားပွဲတော် စတင်တဲ့ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့မှာတော့ မင်းကင်းမြို့ မဟာမင်းကျောင်းရှိ ရွှေစကားဘုရား၊ မရမ်း‌ကျောင်းရှိ မြသိန်းတန်ဘုရား၊ ကြီးတောင်ဦးကျေးရွာရှိ ရတနာမဉ္ဇူဘုရားနှင့် မင်းကင်းမြို့၊ တောင်တော်ကျောင်းတိုက်ရှိ သင်္ကန်းနက်ဘုရား စတဲ့ ရုပ်ပွားတော်မြတ် ၄ ဆူကို မင်းကင်းမြို့တွင်း လှည့်လည်အပူဇော်ခံခဲ့ပြီး ရွှေဂူကျောင်းတော်ကြီး အာရုံခံမှာ ၄ ရက်တိုင်တိုင် အပူဇော်ခံထားရှိပါတယ်။

ဒီဗုဒ္ဓပူဇနိယပွဲတော်က မင်းကင်းမြို့နယ်ရဲ့ အကြီးကျယ်ဆုံးဘုရားပွဲ ဖြစ်ပြီး မင်းကင်းမြို့အပြင် မြို့နယ်တွင်းကျေးရွာတွေကပါ လာရောက်ဖူးမြော်ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဝေးရောက် မင်းကင်းမြို့နယ်သူမြို့နယ်သားတွေရဲ့ ပြန်လည်ဆုံတွေ့ကြတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ဈေးရောင်းပွဲတွေအပြင် ရိုးရာလောင်းလှေပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပကြပါတယ်။ ဒီဘုရားပွဲတော်ကို အလောင်းစည်သူမင်းလက်ထက်ကတည်းက နှစ်စဉ်ရိုးရာမပျက် ကျင်းပလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013