DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် ယူအန်အက်ဖ်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကွင်းဆင်းညှိနှိုင်းမည်
DVB
·
January 11, 2013
တိုင်းရင်းသားဒေသများတွင် ယူအန်အက်ဖ်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကွင်းဆင်းညှိနှိုင်းမည်
Donate to DVB

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ကနေ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားဒေသတွေကို သွားရောက်မယ်လို့ ယူအန်အက်စီရဲ့ ပြောခွင့်ရသူ ဦးခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_29473" align="alignleft" width="300" caption="ဦးခွန်ဥက္ကာ"][/caption]

“အဲဒီခရီးစဉ်က အဓိကကတော့ ဦးအောင်မင်းနဲ့ပဲဖြစ်ဖြစ်၊ အစိုးရကိုယ်စားလှယ်ပဲဖြစ်ဖြစ် နိုင်ငံရေးကိစ္စတွေ ဆွေးနွေးပွဲမှာ အသုံးပြုမယ့် အခြေခံမူတွေ၊ ဆွေးနွေးပွဲမှာ လိုက်နာရမယ့် အခြေခံအချက်တွေ ကြိုတင်ရရှိတဲ့အနေနဲ့ တဖွဲ့ချင်းထောက်ခံမှုရအောင် လိုက်ညှိနှိုင်းတဲ့သဘောပါ။ အဲကိစ္စသွားမှာပါ။”

အဖွဲ့ဝင်တွေကို အုပ်စုလိုက်ဖွဲ့ပြီး တိုင်းရင်းသားပြည်နယ်ဒေသတွေကို အဖွဲ့ခွဲပြီး စေလွှတ်မယ် လို့ ပြောပါတယ်။

ဒီလို ကွင်းဆင်းရတာဟာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား  နိုင်ငံရေးဆွေးနွေး ပွဲလုပ်တဲ့အခါ တဖွဲ့ချင်းမလုပ်ဘဲ ပူးပေါင်းပြီးဆွေးနွေးနိုင်ဖို့နဲ့ ဒီလို့ပူးပေါင်းဆွေးနွေးတဲ့အခါမှာ ဘယ်လို မူဘောင်နဲ့ ဆွေးနွေးမယ်ဆိုတဲ့အချက်တွေကို ကြိုတင်ညှိနှိုင်းနိုင်ဖို့ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကက ပြောပါတယ်။

“ဘယ်အဖွဲ့မဆို နိုင်ငံရေးဆွေးနွေးပွဲကို တဖွဲ့ချင်းမလုပ်ဘူး။ စုပေါင်းပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အချက်ကို ခိုင်မာစေချင်တယ်။ စုပေါင်းပြီးဆွေးနွေးမယ်ဆိုရင်လည်း ဘယ်လို မူဘောင်နဲ့ဆွေးနွေးမယ်ဆိုတာကို ကြိုပြီး သဘောတူထားကြရင် တယောက်တပေါက်မဖြစ်ဘူးပေါ့။ နောက် ယူအန်အက်ဖ်စီအဖွဲ့ဝင်ဖြစ်တဲ့ ကချင်ကို လက်နက်မျိုးစုံနဲ့ ရသလောက် အသဲအသန်တိုက်ခိုက်နေတဲ့အပေါ်မှာ ဒါဟာ အဓိက ဦးစားပေးစဉ်းစားရမယ့် ကိစ္စဖြစ်တော့ ကချင်တိုက်ပွဲရပ်ဖို့ ဦးစားပေးလုပ်နေတယ်။”

တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့် ၆ ဆင့်နဲ့ပတ်သက်ပြီး ယူအန်အက်စီအဖွဲ့ဝင်တခုဖြစ်တဲ့ ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်းက အခုလို ရှင်းပြပါတယ်။

“ပထမအဆင့်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူပေါ့။ တွေ့ဆုံဆွေးနွေးရေးမူ ရေးဆွဲဖို့ ပထမအဆင့်ကတော့ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ အရင်တွေ့မယ်။ ဒုတိယအဆင့်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေထဲကနေပြီး အစိုးရငြိမ်းချမ်းရေးကော်မတီနဲ့တွေ့မယ်။ တွေ့ပြီး မူဘောင်ဆွေးနွေးပြီးရင် ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမလဲ သတ်မှတ်မယ်။ နေရာက နှစ်ဖက်  လက်ခံနိုင်မယ့်နေရာပေါ့။ စတုတ္ထအဆင့်အနေနဲ့ အဲကိစ္စအပေါ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။ နောက် ပဉ္စမအဆင့်ကတော့ အစိုးရကိုယ်စားလှယ်တွေရော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်လာပြီး အဲကနေ ပင်လုံကဲ့သို့သောညီလာခံ ပြန်ခေါ်မယ်။ ပြည်ထောင်စုသဘောတူညီချက်ရရှိမယ်။ အဲလို ပင်လုံကဲ့သို့သောညီလာခံပြီးတာနဲ့ ဆဋ္ဌမအဆင့်မှာ အဲဒီ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဆက်လုပ်ဆောင်ရွက်သွားမယ်။”

တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ ခရီးစဉ်ကို ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013