DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
October 19, 2019
ကလေးဝမြို့တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ အောက်တိုဘာ ၁၈ ရက်နေ့ညက အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၁၈ မိနစ်၊ ၀၉ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၂ ဒီဂရီ၊ အနက် ၅၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ကလေးဝမြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းကလည်း အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013