DVB Logo
Home
မြန်မာသတင်း
“စီးပွားရေးလုပ်ငန်းတွေ ဘာလို့ကျရှုံးနေရတာလဲ”အမည်ဖြင့် အခမဲ့ဟောပြောပွဲ ကျင်းပမည်
DVB
·
October 18, 2019
“စီးပွားရေးလုပ်ငန်းတွေ ဘာလို့ကျရှုံးနေရတာလဲ”အမည်ဖြင့် အခမဲ့ဟောပြောပွဲ ကျင်းပမည်
Donate to DVB

       စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက် ဦးဆောင်ဆွေးနွေးမယ့် အခမဲ့ ဟောပြောပွဲတခုကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

Myanmar B2B က ကြီးမှုးကျင်းပတဲ့ ဒီဟောပြောပွဲကိုတော့ “စီးပွားရေးလုပ်ငန်း တွေဘာလို့ကျရှုံးနေရတာလဲ”- Why Businesses Fail အမည်နဲ့ ကျင်းပသွားမှာ ဖြစ်ကာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ ဦးထွန်းသူရသက် (CEO, MIT)၊ ဦးဝေဖြိုး (Managing Director, Yathar Cho Industry) ၊ ဦးနေအောင် (Chairman, Oway Travels) နဲ့ ဒေါ်ချောခင်ခင် (Group CEO, MCC) တို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာလို့ ကျရှုံးနေရတာလဲ၊ ကြုံတွေ့ လာရတဲ့ အခက်အခဲ ပြဿနာတွေကြားမှာ ကြံ့ကြံ့ခံရှင်သန်ရင်းအောင်မြင်တဲ့ လုပ်ငန်းစုတွေကရော ဘယ်လိုပေါ်ပေါက်လာသလဲစတဲ့ တွေးဆစရာတွေနဲ့ အဖြေရှာ ဆွေးနွေးကြမယ့် ဒီဟောပြောပွဲ ကိုတော့ တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ့ ဆရာစံလမ်း ထောင့်မှ ဆရာစံပလာဇာ၊ CBC Ballroom မှာ မနက် ၉.၃၀ နာရီကနေ နေ့လည် ၁၂ နာ ရီထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တက်ရောက်ဖို့စာရင်းပေးသွင်းလိုသူတွေအနေနဲ့ အောက်ပါနည်းလမ်းတွေနဲ့ အခမဲ့စာရင်း ပေးသွင်းနိုင်ပါတယ်။

အဆင့် ၁ - Online Register (သို့) SMS Register တစ်ခုခု တွင် စာရင်းပေးသွင်းပါ။

>>> Online Register - https://whybusinessesfail.eventbrite.com

>>> SMS Register - (စကားဝိုင်းခေါင်းစဉ်၊ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို 09 968 557 560 သို့ SMS ပေးပို့ပြီး အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။)

အဆင့် ၂ - B2B Myanmar Application ကို

- Android >>> http://bit.ly/googleb2bmm

- IOS >>> http://bit.ly/b2bmm

တွင် ဝင်ရောက် Download ဆွဲပေးပါ။

Phone တွင် Download ဆွဲထားသည့် B2B Myanmar Application ကို ပွဲနေ့တွင် တာဝန်ရှိသူများကို ပြသပြီး ဝင်ရောက်နိုင်ပါတယ်။

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 968 557 560 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013