DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ထွက်ပြေးဒုက္ခသည် ၅၀၀၀၀ စာရင်းပေးထားဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
October 18, 2019
ဘင်္ဂလားဒေ့ရှ်ရောက် ထွက်ပြေးဒုက္ခသည် ၅၀၀၀၀ စာရင်းပေးထားဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်လာနိုင်ဖို့ လူ ၅၀၀၀၀ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက  မြန်မာအစိုးရထံ ပေးပို့ထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက် နေပြည်တော် MICC 2 ခန်းမမှာ ပြုလုပ်တဲ့ သဘာဝဘေး အန္တရာယ်လျော့ချရေး အခမ်းအနားမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖြေဆိုခဲ့တာပါ။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နေရပ်ပြန်လိုသူ ၅၀၀၀၀ စာရင်းအပေါ် စိစစ်နေပြီး အမှန်တကယ်နေထိုင်ခဲ့သူတွေ ဖြစ်ပါက ပြန်လည်လက်ခံရေးလုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ 

မြန်မာအစိုးရရဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ထွက်ပြေးဒုက္ခသည်တွေ သတင်းအတိအကျ သိရှိနိုင်စေဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာစေဖို့ အစိုးရချင်း ညှိုနှိုင်းဆွေးနွေးပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမယ့် ဝင်ရောက်လာသူ မရှိသလောက် နည်းပါးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013