DVB Logo
Home
မြန်မာသတင်း
လူသတ်မှုတရားခံပြေး ၁ ဦးကို ကညွတ်ကွင်းမြို့အနီးတွင် အသေပစ်ခတ်ဖမ်းဆီး
DVB
·
October 18, 2019
လူသတ်မှုတရားခံပြေး ၁ ဦးကို ကညွတ်ကွင်းမြို့အနီးတွင် အသေပစ်ခတ်ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်ရွာ ကန့်လန့်ကျေးရွာမှာ အောက်တိုဘာ ၁၇ ရက် ညနေက လူသတ်မှုတရားခံပြေးတဦးကို အသေပစ်ခတ်ဖမ်းဆီး ရမိခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက တောကျွဲအင်း (ခ) အောင်မြင်နယ်မြေ ရဲတပ်ဖွဲ့ စခန်းအပိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာပါဝင်ခဲ့တဲ့ တရားခံ  ၃ ဦးအနက် အဓိကတရားခံ ဖြစ်သူကို ဖမ်းဆီးမိခဲ့တာလို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။

"လူသတ်မှုမှာ သူက အဓိကတရားခံပါ။ သူရှိနေတယ်ဆိုတာသိလို့ ဝင်ဖမ်းတော့ ထွက်ပြေးတယ်။ သူ့လက်ထဲမှာလည်း လက်နက်ပါတယ်။ အဖမ်းခံဖို့ပြောတာကို လက်မခံဘဲ ပြန်ပြီးတိုက်ခိုက်တဲ့အတွက် တပ်ဖွဲ့ဝင်တယောက်လည်း ဒဏ်ရာရတယ်။ ပထမခြောက် ပစ်သေးတယ်။ ဒါပေမယ့် ထပ်ပြီးရန်ပြုလာလို့ ပစ်လိုက်ရတာပါ။" 

သေဆုံးသူ ထွန်းနိုင်ဦးဟာ စကေဘာနဲ့ ရန်ပြုခဲ့တာကြောင့် တပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထွန်းနိုင်ဦးရဲ့ ခန္ဓာကိုယ်နေရာအချို့မှာ ပေါက်ပြဲဒဏ်ရာနဲ့ ဦးခေါင်းနောက်စေ့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတချက် ရရှိပြီး အခင်းဖြစ်နေရာပင် သေဆုံးခဲ့တာပါ။

လူသတ်မှုနဲ့ပတ်သက်ပြီး ထွန်းနိုင်ဦး၊ ကျော်ဟိန်းနဲ့ ရင်ကြည်တို့ကို တောကျွဲအင်းနယ်မြေရဲ စခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်ထားပါတယ်။

အခုလက်ရှိမှာ ရင်ကြည်ကို ထပ်မံဖမ်းဆီးရမိခဲ့တာကြောင့် လွတ်မြောက်နေသူ ကျော်ဟိန်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ တောကျွဲအင်းနယ်မြေရဲစခန်းက သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013