DVB Logo
Home
မြန်မာသတင်း
The Voice ဂျာနယ် အမှု ရုပ်သိမ်းရန် သဘောတူညီ
DVB
·
January 11, 2013
The Voice ဂျာနယ် အမှု ရုပ်သိမ်းရန် သဘောတူညီ
Donate to DVB

အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အပတ်စဉ်ထုတ် ရန်ကုန် အခြေစိုက် The Voice ဂျာနယ်အပေါ် စွဲဆိုထားတဲ့ အမှုကို ပိတ်သိမ်းပေးဖို့ သတ္တုတွင်းဝန်ကြီးဌာနက သဘောတူညီခဲ့တယ်လို့ ဂျာနယ်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက ပြောပါတယ်။

ဒီအတွက် ဇန်န၀ါရီ ၁၇ ရက်နေ့ ရုံးချိန်းမှာ အမှုရုပ်သိမ်းတာကို တရားဝင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဦးဝင်းရွှေက ပြောပါတယ်။

“ကိုကျော်မင်းဆွေတို့ ဦးကျော်သန်းတို့ နေပြည်တော်သွားတယ်လို့ သိရတယ်။ ပြန်လာတာလည်း သိရတယ်။ အခြေအနေတွေအားလုံး ပြေလည်တယ်လို့ ပြောပါတယ်။ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ တရားလို သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို လာရမယ်။ ဒီအမှုကို ရုပ်သိမ်းပါတယ်ဆိုတာ တရားဝင် စာတင်မယ်။ ပြီးရင် တရားရုံးကနေ အမိန့်ချပေးပြီးရင်တော့ အားလုံးပြီးပြတ်သွားပြီပေါ့။”

အမှုရုပ်သိမ်းလိုက်တဲ့အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက “ဒါတွေအပေါ်မှာ ပြန်လည်သုံးသပ် ညှိနှိုင်းပေးဖို့ဆိုပြီး ကျနော်တို့ လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ ကိုကျော်မင်းဆွေနဲ့ သတ္တုတွင်းဝန်ကြီးက ခေါ်ပြီး ညှိနှိုင်းခဲ့တယ်လို့ သိထားပါတယ်။ အဲရလဒ်ကောင်းမွန်တဲ့အတွက် အခုလို ရုပ်သိမ်းသွားတယ်ဆိုတာ ဖြစ်တာပေါ့။ ဆက်ပြီးတော့ လျှပ်တပြက်ဂျာနယ်က ကိုမြတ်ခိုင်ကို တရားစွဲထားတဲ့အမှုကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်ရုပ်သိမ်းမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါမှသာ Freedom Of Expression နဲ့ပတ်သက်ပြီး အစိုးရနဲ့ စတုတ္ထမဏ္ဍိုင်ကြားမှာ ယုံကြည်မှုတည်ဆောက်လို့ရမယ်လို့ ထင်ပါတယ်။”

သဗွိုင့်စ်ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ မှာ ဖော်ပြခဲ့တဲ့ “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် မတ်လမှာ ဂျာနယ်ကို တရားစွဲဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ဒဂုံမြို့နယ်တရားရုံးက အမှုကို စစ်ဆေးပြီး ငါးလအကြာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ရန်ကုန် အခြေစိုက် လျှပ်တပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုထားချက်နဲ့ ပတ်သက်ပြီး တစုံတရာ လျှောက်လဲချက်မပေးရသေးဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013