
တခါက....၃၄ ဆိုပြီး နာမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့မှာရှိတဲ့ Yangon Gallery မှာ အောက်တိုဘာ ၁၈ နေ့က ၂၂ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်နေပါတယ်။ ဒီပြပွဲမှာ ဓာတ်ပုံဆရာ ၂၂ ယောက်ရဲ့ ဓာတ်ပုံပေါင်း ၈၅ ပုံကို ပြသထားပါတယ်။
၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ သင်တန်း အပတ်စဉ် ၃၄ မှာတက်ရောက်ခဲ့တဲ့ ဓာတ်ပုံဆရာတွေစုစည်းပြီး ဒီပြပွဲကို ကျင်းပတာလို့ ပြပွဲမှာ ပါဝင်တဲ့ 7 Day သတင်းဌာနမှ ဓာတ်ပုံ သတင်းထောက် ဂျေမောင်မောင် (အမရပူရ) က ပြောပါတယ်။
အပတ်စဉ် ၃၄ က စုစည်းမိသလောက် ဓာတ်ပုံဆရာတွေနဲ့ ကျင်းပတာဖြစ်ပြီး အဲ့ဒီ အပတ်စဉ်သင်တန်းမှာ တက်ရောက်ခဲ့တဲ့ ဘယ်သူမဆို နောက်လာမယ့် ပြပွဲတွေမှာ ပါဝင်ပြသနိင်တယ်လို့ ပြပွဲမှာ ပါဝင်တဲ့ ဓာတ်ပုံဆရာတွေက ပြောပါတယ်။
တခါက.....၃၄ ဓာတ်ပုံပြပွဲကို ကျင်းပတာနှစ်ကြိမ်ရှိပြီဖြစ်ကာ ပထမကြိမ်ပြပွဲကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြပွဲမှာ portait landscape nature အပါအဝင် ဖလင်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကို ပြသထားတာတွေ့ရပါတယ်။
သတင်း - ကိုမောင်










