DVB Logo
Home
မြန်မာသတင်း
၁၀ နှစ်ကြာမှ ထပ်ထွက်လာသည့် နာမည်ကြီး ဇွမ်ဘီရုပ်ရှင် Zombieland: Double Tap (နမူနာ)
DVB
·
October 18, 2019
၁၀ နှစ်ကြာမှ ထပ်ထွက်လာသည့် နာမည်ကြီး ဇွမ်ဘီရုပ်ရှင် Zombieland: Double Tap (နမူနာ)
Donate to DVB


သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇွမ်ဘီရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Zombieland: Double Tap ရုပ်ရှင်ကို နိုင်ငံတကာမှာ ဒီကနေ့စတင်ပြီး ရုံတင်ပြသနေပါတယ်။

ဒီကားဟာ ၂၀၀၉ ခုနှစ်က ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၂ ဒဿမ ၄ သန်းနဲ့ စံချိန်တင်ခဲ့တဲ့ Zombieland ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ ၁၀ နှစ်အကြာမှာ ထပ်မံထွက်ရှိလာခဲ့တာပါ။

Sony Pictures Releasing ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ အရင်ကားကို ရိုက်ခဲ့တဲ့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Ruben Fleischer ကပဲ ထပ်ပြီးတော့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

   ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ အရင်ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်ကောင်သစ်တွေလည်း ပါဝင်လာတာမို့ ဘယ်လိုစွန့်စားခန်းတွေ၊ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ဖန်တီးရိုက်ကူးထားမလဲဆိုတာကို စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

   ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Woody Harrelson ၊ Jesse Eisenberg ၊ Abigail Breslin ၊ Rosario Dawson ၊ Zoey Deutch ၊ Luke Wilson နဲ့ Emma Stone တို့က ပါဝင်ထားကြတာပါ။

ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အကျခံရိုက်ကူးထားပါတယ်။

   ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

   IMDb မှာတော့ ဒီကားဟာ Rating 7.4 အထိ ရရှိထားပြီး ရုံတင်ပြသမယ့် ပထမသီ တင်းပတ်မှာတင် Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ၂၅ သန်ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

   လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013