Home
ရုပ်သံ
မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်သင်းကြည်တို့ ပါဝင်သည့် သုံးယောက်ပေါင်း လောင်းကျော်ရုပ်ရှင် (နမူနာ)
DVB
·
October 18, 2019
72892126_130148291722475_4991432973606715392_n
       ဝါရင့်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်သင်းကြည်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ သုံးယောက်ပေါင်း လောင်းကျော်ရုပ်ရှင် ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။        ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေခြည်အောင်သစ်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ ဇီဇာကြောင်တဲ့ အပျိုကြီး ၃ ယောက်က သူတို့ရဲ့ တူမလေးကို အိမ်ထောင်ချပေးဖို့ ကြိုးစားချိန်မှာ သူက မယူချင်လို့ ထွက်ပြေးလို့ လိုက်ရှာရာကနေ ဇာတ်လမ်းစထားခဲ့ပြီး အဲဒီလိုအခြေအနေမှာ သူတို့ အပျိုကြီး ၃ ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုတွေဖြစ်လာမလဲ။ ဘယ်လိုကမောက်ကမအခြေအနေတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ အလွဲအချော်တွေနဲ့ ဟာသဆန်ဆန်ရိုက်ကူးထားမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်သင်းကြည်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အနေနဲ့ မေခလာ၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုး၊ မိုးအောင်ရင်တို့ကလည်း အားဖြည့်ပါဝင်ထားကြတာပါ။        လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာပါ။        ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရုံတင်ပြတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024