Home
မြန်မာသတင်း
ပအိုဝ်းတိုင်းရင်းသား ရိုးရာဝါကျွတ်ပွဲတော် တောင်ကြီးမြို့တွင်ကျင်းပ
DVB
·
October 18, 2019
74456062_981104655562970_1168101920485670912_n
74378409_981104622229640_6648026611570442240_n
72753862_981104585562977_3116096711387250688_n
ပအိုဝ်းတိုင်းရင်းသား ရိုးရာဝါကျွတ်ပွဲတော်နဲ့ ပဒေသာပင်လှည့်လည်ပွဲကို အောက်တိုဘာ ၁၇ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ညိုမီးဘုန်းကြီးကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီရိုးရာပွဲဟာ ဘိုးဘွားလက်ထက် နှစ်ပေါင်း ၁၀၀ လောက်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာပါ။ အဲဒီပဒေသာပင်ဟာ ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူ့ပြည်ကြွလာပြီး သီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကို ရည်မှန်းပြီးပြု လုပ်တာဖြစ်ပါတယ်။ ဒီလို ရိုးရာပဒေသာပင်လှည့်လည်တာဟာ အရင်ကအများအပြားရှိခဲ့ပေမယ့် အခုတောင်ကြီး မြို့နယ် ညိုမီးဘုန်းကြီးကျောင်းနဲ့ ဖာမွန်းဘုန်းကြီးကျောင်း နှစ်နေရာသာကျန်ရှိတော့တာ ဖြစ်ပါတယ်။ အမြင့်ပေ ၄၀ ကျော်ပဒေသာပင်ဟာ သံလုံးဝမပါဘဲ ဝါးနဲ့သာပြုလုပ်ပြီး ရေစိမ်စက္ကူနဲ့ အလှဆင်ထားကာ အောက်ခြေမှာ စောင်၊ အခင်း၊ လှူဖွယ်ပစ္စည်းတွေပါဝင်ကြပါတယ်။ ဝါကျွတ်ပွဲတော်မှာ အမျိုးသမီး ပဒေသာပင်ထမ်းလှည့်လည်တာတွေလည်း ပြုလုပ်ကြပါတယ်။ ညိုမီးဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ ဝါကျွတ်ပအိုဝ်းရိုးရာပဒေသာပင်လှည့်ပွဲမှာ ညိုမီးကျောင်းဒကာ ၅ ရွာရှိတဲ့အတွက် တရွာတပင်နှုန်းပြုလုပ်ကြပြီး နှစ်စဉ် သီတင်းကျွတ်လဆုတ် ၄ ရက်နေ့မှာ ကျင်းပကြပါတယ်။ အဲ့ဒီ ပွဲဟာ ရပ်ဝေးရပ်နီးကသူတွေ၊ ကျေးရွာတွင်းကလေးကအစ သက်ကြီးရွယ်အိုတွေအထိ လာရောက်ဆင်နွှဲကြတာကို တွေ့မြင်ရပါတယ်။ ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024