DVB Logo
Home
မြန်မာသတင်း
ဘယ်ပန်းချီရေးလို့မမီ (သို့) ဆက်ဆိုဖုန်းဖြင့် လမ်းမပေါ် ဖျော်ဖြေနေရသည့် မန္တလေးက အဘိုးအို (ရုပ်သံ)
DVB
·
October 17, 2019
ဘယ်ပန်းချီရေးလို့မမီ (သို့) ဆက်ဆိုဖုန်းဖြင့် လမ်းမပေါ် ဖျော်ဖြေနေရသည့် မန္တလေးက အဘိုးအို (ရုပ်သံ)
Donate to DVB

       ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုများပြားလာတဲ့ ဒီကနေ့ခေတ်မှာ လူသားတွေရဲ့ ရပ်တည်နေထိုင်မှုအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေဟာ တကယ့်ကို မလွယ်ကူလှပါဘူး။

       ဝင်ငွေရရှိနိုင်ဖို့ အလွယ်လမ်းကို မလိုက်ပဲ ကိုယ်တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာ တခုခုကို အခြေပြုပြီး ရှင်သန်နေကြသူတွေကိုတော့ လူမှုပတ်ဝန်းကျင်မှာ သမာအာဇီ၀ကျကျ အသက်မွေးမှုကြောင့် ချီးကျူးထိုက်သူတွေလို့ တင်စားပြောဆိုလေ့ ရှိကြပါတယ်။

       ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ဘဝကို အရှုံးမပေးဘဲ ဆက်ဆိုဖုန်းနဲ့ လမ်းမအလယ် ဖျော်ဖြေနေသူ အဘိုးအိုတဉီးကို တွေ့ကြရမှာ ဖြစ်ပါတယ်။

       သူဟာ မြန်မာပုဆိုးနဲ့ ရှပ်အင်္ကျီလက်ရှည်အဖြူနဲ့ အနီရောင်ဦးထုပ်တလုံးကို ဆောင်းထားခဲ့ပြီး ဆက်ဆိုဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်ကာ သီချင်းတေးသွားနဲ့အတူ လမ်းသွားလမ်းလာတွေ ကြားမှာ ဖျော်ဖြေနေခဲ့တာပါ။

       မိဘမေတ္တာဘွဲ့ နာမည်ကျော် တေးသီချင်းတပုဒ်ဖြစ်တဲ့ “ဘယ်ပန်းချီရေးလို့မမီ”သီ ချင်းနဲ့ ကရုဏာသက်ဖွယ်ဖျော်ဖြေနေတဲ့ အဘိုးအိုရဲ့ အလှူခံပလိုင်းထဲကိုတော့ လမ်းသွား လမ်းလာ တချို့က ငွေစက္ကူတွေ ထည့်ပေးသွားကြတာတွေကိုလည်း တွေ့ရပါတယ်။

       ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Comte de Saint-Germain အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတဦးက မှတ်တမ်းတင်ကာ ပြန်လည်မျှဝေထားခဲ့တာပါ။

       မှတ်ချက်ပေးသူတယောက်က ဘယ်နေရာမှာလဲဆိုတဲ့ အမေးကိုတော့ မန္တလေးမြို့မှာ ဖြစ်ပြီး ဝမ်းနည်းစရာကောင်းပေမယ့် အဘိုးအိုရဲ့ အနုပညာကိုတော့ တကယ်နှစ်သက်မိကြောင်း ပြန်ဖြေထားခဲ့တာကို တွေ့ရပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ရေပန်းစားနေခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013