DVB Logo
Home
မြန်မာသတင်း
နီပေါသမ္မတခရီးစဉ်တွင် ခရီးသွားကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး
DVB
·
October 17, 2019
နီပေါသမ္မတခရီးစဉ်တွင် ခရီးသွားကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး
Donate to DVB

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိလာတဲ့ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဘီဒီယာဒေဝီဘန်ဒါရီကို  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်မှာ ဒီကနေ့မနက် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့တွေ တွေ့ဆုံမှုအပြီးမှာတော့ ဧည့်သည် နီပေါသမ္မတဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြား တွေ့ဆုံခဲ့ကြတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာတော့ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ခရီးသွားကဏ္ဍတွေအတွက်နားလည်မှုစာချွန်လွှာ နှစ်ရပ်ကိုလဲ လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

“ဒီချစ်ကြည်ရေးခရီးစဉ်မှာတော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေး ကိစ္စရပ်တွေကို အဓိက ထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ ရလဒ်အနေနဲ့ ကျနော်တို့ နှစ်နိုင်ငံအခြား ယဉ်ကျေးမှုကဏ္ဍနဲ့ ခရီးသွားကဏ္ဍ မြင့်တင်မှုအတွက် နားလည်မှုစာချွန်လွှာနှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။”လို့ နိုင်ငံရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနဲ့ နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန် တည်ထောင်တဲ့ နှစ် ၆၀ အခါသမယလဲ ဖြစ်သလို နီပေါနိုင်ငံရဲ့ Visit Yearနဲ့ လည်း တိုက်ဆိုင်နေလို့ ခရီးသွားကဏ္ဍနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာလို့လည်း ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။

နီပေါသမ္မတ ခေါင်းဆောင်တဲ့အဖွဲ့ဟာ  ခရီးစဉ်မှာ ရန်ကုန်၊ ပြင်လွင်ဦး တို့ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013