DVB Logo
Home
မြန်မာသတင်း
အာဆီယံကုန်သွယ်မှု လျင်မြန်လွယ်ကူချောမွေ့စေရေးဆိုင်ရာစနစ်တွင် မြန်မာပါဝင်မည်
DVB
·
October 17, 2019
အာဆီယံကုန်သွယ်မှု လျင်မြန်လွယ်ကူချောမွေ့စေရေးဆိုင်ရာစနစ်တွင် မြန်မာပါဝင်မည်
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု လျင်မြန်လွယ်ကူချောမွေ့စေရေး ဆိုင်ရာစနစ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ National Single Window – Routing platform ကနေတဆင့် အာဆီယံပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Form D)ကို အီလက်ထရောနစ် စနစ်နည်းနဲ့ စတင်လှဲလှယ်နိုင်တော့မယ့် အကြောင်းကို အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနက  ဒီကနေ့ ရန်ကုန်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

ဒီကြားခံပလက်ဖောင်းဟာ အရှေ့တောင်အာရှ အာဆီယံကုန်သွယ်ဖက် နိုင်ငံတွေကြားမှာ ASEAN Single Window ရဲ့ ကုန်သွယ်မှုလျင်မြန် လွယ်ကူချောမွေ့စေရေးဆိုင်ရာ စနစ်ကနေတဆင့် အာဆီယံပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Form D) ကို အီလက်ထရောနစ်နည်းနဲ့ ချိတ်ဆက်လှဲလှယ်နိုင်ဖို့ ဆောင်ရွက်ပေးမယ့် စနစ်တခု ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ အာဆီယံပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်တွေ အီလက်ထရောနစ် နည်းနဲ့ လှဲလှယ်မှုကို နိုဝင်ဘာလလယ်မှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ASEAN Single Window စနစ်နဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်မှုမှာ ၈ နိုင်ငံမြောက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

သတင်း - နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013