DVB Logo
Home
မြန်မာသတင်း
ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း လျှောက်လွှာများစတင်ထုတ်ပေး
DVB
·
October 17, 2019
ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း လျှောက်လွှာများစတင်ထုတ်ပေး
Donate to DVB

ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း (JMASVTI)ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်လျှောက်လွှာတွေကို အောက်တိုဘာ ၁၇ ရက်က စတင် ထုတ်ပေးနေပါတယ်။

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းကို အခု ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာသင်တန်းနှစ်ခုကို ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။

အဆိုပါသင်တန်းတွေကို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတိုင်း လျှောက်ထားနိုင်ပြီး သင်တန်းတခုစီကို ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ခေါ်ယူသွားမှာဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတင်သွင်းသူတွေထဲက တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်စာ၊ သင်္ချာ ရမှတ်စုစုပေါင်းအပေါ်မှာမူတည်ပြီး ဝင်ခွင့်တွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ဂျပန်-မြန်မာ အောင်ဆန်း  သက်မွေးပညာသင်တန်းကျောင်း မှာရယူနိုင်သလို www.tvetmyanmar.gov.mm  ဝက်ဆိုက်မှာလည်း ဒေါင်းလုပ်ရယူနိုင်ပါတယ်။

ဝင်ခွင့်လျှောက်လွာတွေကိုတော့ အောက်တိုဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပြီး လျှောက်လွှာစထုတ်ပေးတဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ လာရောက်ထုတ်ယူသူ ၁၀၀ ကျော်ရှိပါတယ်။ 

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းမှာ သင်ကြားမယ့် သင်တန်း အတွက် ၃ နှစ်တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ လက်မှတ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ 

သင်တန်းမှာ သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီတဲ့ကျောင်းသားတွေကို နည်းပညာ တက္ကသိုလ်တွေမှာ တတိယနှစ်သင်တန်းကို  ပေါင်းကူးတက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013