DVB Logo
Home
မြန်မာသတင်း
စမ်းလှမ်းကမ်းခြေနှင့်စမတ်ကျွန်းတွင် ဘောတံတား ၂ ခု တည်ဆောက်မည်
DVB
·
October 17, 2019
စမ်းလှမ်းကမ်းခြေနှင့်စမတ်ကျွန်းတွင် ဘောတံတား ၂ ခု တည်ဆောက်မည်
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကမ်းခြေနဲ့ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စမတ်ကျွန်းမှာ အခု ဘဏ္ဍာနှစ်အတွင်း  ဘောတံတား ၂ ခုကို အပြီးတည်ဆောက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးညိုအေးက ပြောပါတယ်။

တိုင်းအစိုးရဘတ်ဂျက်နဲ့ စမ်းလှမ်းကမ်းခြေမှာ ဆိပ်ခံဘောတံတားကို ကျပ်သိန်း ၁၅၀၀နဲ့ တည်ဆောက်မှာဖြစ်ပြီး စမတ်ကျွန်းမှာလည်း ရေပေါ်ဘောတံတားကို သိန်း ၁၀၀၀ ကျပ်နဲ့ ဒီဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောက်လုပ်မယ်လို့  ဦးညိုအေးက ပြောပါတယ်။ 

ဘောတံတားတွေ တည်ဆောက်နိုင်ဖို့ တင်ဒါခေါ်ယူဖို့ တိုင်းအစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စမ်းလှမ်းကမ်းခြေမှာ T ပုံသဏ္ဍာန်တည်ဆောက်မယ့် ဆိပ်ခံဘောတံတားမှာ မျက်နှာပြင်ပေ ၄၀၊ အရှည်ပေ ၁၀၀၊ လမ်းအကျယ် ၁၂ပေရှိမှာဖြစ်ပြီး စမတ်ကျွန်းမှာ တည်ဆောက်မယ့် ရေပေါ် ဘောတံတားကတော့ မျက်နှာပြင်ပေ ၆၀၊အရှည်ပေ ၃၀၀၊ လမ်းအကျယ် ၁၅ ရှိမယ်လို့ သိရပါတယ်။

စမ်းလှမ်းကမ်းခြေရှိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ CBTအဆောက်အဦအနီးမှာ အဆိုပါဆိပ်ခံဘောတံတားကို တည်ဆောက်သွားဖို့ ရှိပါတယ်။

အခုအချိန်မှာ စမ်းလှမ်းကမ်းခြေမှ လောင်းလုံးဘုတ်ကျွန်းသို့ လည်ပတ်သွားမယ့်လူတွေဟာ ပင်လယ်ရေထဲဆင်းပြီးမှ စပိဘုတ်(သို့)စက်လှေအပေါ်တက်နေရလို့ ပင်လယ် ရေစိုခံနေရတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက  ပြောပါတယ်။

ထား၀ယ်ဒေသမှာ ကမ်းခြေတွေများစွာ ရှိပေမယ့် ခုချိန်အထိ ဘောတံတားတွေ မတည်ဆောက်နိုင်သေးပါဘူး။ စမ်းလှမ်း ကမ်းခြေမှာ ဆိပ်ခံဘောတံတား တည်ဆောက်နိုင်ပါက ထား၀ယ်ဒေသရှိ ပင်လယ်ထွက်ပေါက် အဖြစ်အသုံးပြုနိုင်လာနိုင်မှာပါ။

ထား၀ယ်ဒေသရှိ ဆင်ထောက်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ ဆပ်ဆော်အော် (ပါရာဒိုက်ကမ်းခြေ)၊ တယောအော်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ မောင်းမကန်ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ တီကျစ်ကမ်းခြေနဲ့ မြိတ်ကျွန်းစုရှိ သမီးလှကျွန်း၊ လေးကျွန်း၊ စမတ်ကျွန်း၊ ဒုံးညောင်းမှိုင်းကျွန်း(ဆလုံရွာ)၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်း၊ ကျွန်း၊ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဒိကျွန်းတွေဟာ  ခရီးသွားဧည့်သည်တွေ လည်ပတ်မှုများတဲ့ နေရာတွေ ဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းဒေသကြီးသို့ နိုင်ငံခြားခရီးသည် ၂၀၁၈ ခုနှစ်မှာ ၃၅၀,၀၀၀ ကျော်၀င်ရောက်ခဲ့တယ်လို့ တင်္သာရီတိုင်း ဒေသကြီးဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။

တနင်္သာရီတိုင်းဟာ ဧရိယာအကျယ် ၄၃၃၂၈ စတုရန်ကီလိုမီတာရှိပြီး မိုင်ပေါင်း ၈၀၀ကျော်ရှိတဲ့ တနင်္သာရီတိုင်းကမ်းရိုးတလျောက်မှာ ကျွန်းစုပေါင်း ၈၀၀ ကျော်တည်ရှိပါတယ်။

သတင်း- တင့်လွင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013