DVB Logo
Home
မြန်မာသတင်း
MPT တာဝါတိုင် မိုးကြိုးလွှဲ ကြေးနန်းကြိုးများ ခိုးယူသူ ၃ ဦးကို ဝမ်းတွင်းမြို့တွင် ဖမ်းမိ
DVB
·
October 17, 2019
MPT တာဝါတိုင် မိုးကြိုးလွှဲ ကြေးနန်းကြိုးများ ခိုးယူသူ ၃ ဦးကို ဝမ်းတွင်းမြို့တွင် ဖမ်းမိ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ MPT တာဝါတိုင်က မိုးကြိုးလွှဲ ကြေးနန်းကြိုးကို ဖြတ်တောက်ပြီး ခိုးယူလာသူတွေ  ဖမ်းဆီးမိထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အလည်ဂိတ်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရွက်နေတဲ့ စုပေါင်းအဖွဲ့က ဖမ်းမိထားပြီး ကျောက်ဆည်မြို့မရဲစခန်းကို လွှဲပြောင်းပေးမယ် လို့ သိရပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်စောနိုင်ဦးက "ခိုးယူမှု အမှုအခင်းဖြစ်တာက ကျောက်ဆည်မြို့ မှာဆိုတော့ ကျောက်ဆည်မြို့မရဲစခန်းကို ပြန်လွှဲပေးရတာပါ။ ဒီမှာအမှုဖွင့် ဥပဒေအကြံတောင်း လုပ်ပေးတယ်။ ပြည့်စုံအောင်လုပ်ပြီး တရားခံ ၃ ဦးနဲ့ သက်သေခံပစ္စည်း အမှုတွဲ အားလုံးကို လွှဲပေးရပါတယ်။ ကြေး ၁၀ ပိဿာလောက်ရှိတယ်၊ အရှည်ကတော့ ပေ ၁၀၀ကျော် ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံဦးဇော်က "ဆိုင်ကယ်တစီးကို ၃ ယောက်စီးလာလို့ ဖမ်းလိုက်တာ ပီနံအိတ်ထဲက ကြေးနန်းကာဗာ ရာဘာဖြုတ်ပြီးသား ကြေးနန်းကြိုးတွေ ဖမ်းမိတာ"လို့ ပြောပါတယ်။

မကွေးတိုင်း၊ ချောက်မြို့ အမှတ်(၇) အုတ်ဖိုရပ်နေ အောင်သူ(ခ)သောင်းအေး(၂၈နှစ်)၊  ချစ်ဦးမောင်(၂၅နှစ်)နဲ့ ကိုမျိုး(၃၀နှစ်)တို့ ၃ဦးကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013