DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု ခွင့်ပြုပေး
DVB
·
October 17, 2019
မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု ခွင့်ပြုပေး
Donate to DVB

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းပေါင်း ၁၀ ခုအထိ ခွင့်ပြုပေးခဲ့တယ်လို့ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေထဲမှာ ရော်ဘာသစ်ထုတ်လုပ်ငန်းနဲ့ ကျောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေအများဆုံး ပါဝင်နေတယ်လို့ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောပါတယ်။ 

 ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက အခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂ ခု တန်ဖိုး ကန်ဒေါ်လာ  ၅ ဒသမ ၂ သန်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၈ ခု တန်ဖိုး ကျပ်သန်း ၂၈၀၀၀ ကျော်အထိခွင့်ပြုပေးထားတာပါ။

ဒါအပြင်လက်ရှိမှာလည်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီထံ ခွင့်ပြုမိန့် လာလျှောက်ထား တဲ့ လုပ်ငန်း ၃ ခုရှိနေပြီး လာမယ့်လဆန်းပိုင်းမှာ ခွင့်ပြုပေးနိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒီကော်မတီ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဒေါ်လာ ၅ သန်းအောက်လုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃ ခုကိုသာ ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဟာ ဒေါ်လာ ငါးသန်းအောက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် သုံးခု အတွင်း လုပ်ငန်း ၁၆ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကတော့ အခုအစိုးရ လက်ထက်မှာ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ဝင်ရောက်လာတာ မတွေ့ရသေးဘူး လို့ ပြောပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေ ဝင်ရောက် လာရေးအတွက် ကိုယ်ဘက်က ဆောင်ရွက်ပေးနိုင်တဲ့ အစီအမံတွေကို ပြင်ဆင်ထားဖို့ လိုတယ်လို့ အကြံပြုပါတယ်။

သတင်း- ဇော်လွင်ထွဋ်၊ ဓာတ်ပုံ - BNI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013