မြင်းမူနှင့်မြောင်မြို့နယ်ချင်းဆက်လမ်း အုတ်တံတားပြိုကျ

စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နဲ့ မြောင်မြို့ဆက်သွယ်ထားတဲ့ မိုင်တိုင် အမှတ် ၁/၂ နဲ့ ၁/၃ ကြား လမ်းပိုင်းမှာ အောက်တိုဘာလ ၁၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတားပြိုကျခဲ့ပါတယ်။
ပြိုကျခဲ့တဲ့ တံတံတားဟာ အရှည်ပေ ၃၀ နဲ့ အနံ ၁၈ ပေ ရှိပြီး အခုလိုပြိုကျခဲ့တဲ့ အတွက် ဆိုင်ကယ်တစ်စင်း ပြုတ်ကျခဲ့ပေမယ့် လူအသေပျောက်တော့ မရှိခဲ့ပါဘူး။
"မိုးကများတော့ အိကျတာ။ လူတော့ ဘာမှမဖြစ်ဘူး။ လက်တလောသွားဖို့ကတော့ လမ်းလွှဲလုပ်ထားတယ်။ ကျနော်ဆို မန္တလေးကနေ မြောင်ကို အဲ့လမ်းကကုန်စိမ်းပို့နေတာ။ ကံကောင်းတယ် ပြောရမှာပဲ " လို့ မြောင်မြို့ဒေသခံ ဦးခင်မောင်ဝင်းက ပြောပါတယ်။
တံတားဟာ သံကူကွန်ကရစ်တံတားဖြစ်တယ်လို့သိရပြီး ဆောက်လုပ်ထားတာ နှစ်ပေါင်း ၂၀ ပြီလို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ တံတားပြိုကျတဲ့အနေထားကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုသွားပြီး အမြန်ပြန်လည်ပြုပြင်ဖို့ မှာကြားခဲ့ ပါတယ်။
သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - ဉီးဌေးငွေ (မြောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)











