
မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကြာဘက်ကုန်းရွာက အများသုံးရေကန်မှာ အမျိုးသမီးတဦး ရေချိုးနေစဉ် အဓမ္မပြုကျင့်ခံရလို့ တရားခံကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
ကြာဘက်ကုန်းရွာရှိ အများသုံးရေကန်မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ မောင်ဖြစ်သူတို့ ရေလာချိုးစဉ် အဝေးသင် ဒုတိယနှစ်ပထဝီ ကျောင်းသား နိုင်လင်းဦး(၂၃နှစ်)ကလည်း ရေကန်မှာ ရေချိုးနေခဲ့တာပါ။
ဒီနောက် မောင်ဖြစ်သူက ရေချိုးပြီး အိမ်ကို အရင်ပြန်သွားခဲ့ရမှာ နိုင်လင်းဦးက အဆိုပါအမျိုးသမီးကို ရေကန်ထဲမှာပဲ အဓမ္မပြုကျင့်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သာစည်မြို့မရဲစခန်းတာဝန်ကျရဲအရာရှိက"ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး အဓမ္မပြုကျင့်မှုနဲ့ အမှု ဖွင့်ပါတယ်။ တရားခံကို ဖမ်းဆီးထားပါတယ်" လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းမှာ နိုင်လင်းဦကို အမှုအမှတ် (ပ) ၅၄၆/၂၀၁၉ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့ ဖမ်းဆီးအမှု ဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း











