DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာလုပ်သား ၁  ဦး ဘတ်စ်ကားကိုဝင်တိုက်ပြီး သတ်သေ
DVB
·
October 16, 2019
ထိုင်းရောက်မြန်မာလုပ်သား ၁  ဦး ဘတ်စ်ကားကိုဝင်တိုက်ပြီး သတ်သေ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလုပ်သား ၁ ဦးဟာ အရှိန်နဲ့ မောင်းနှင်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီးကို တမင်ဝင်တိုက်ခံပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ 

ဘန်ကောက်မြို့ ဖရာ့လမ်းဆောင်လမ်းမကြီး ဝပ်ကုတ်ကျောင်းတိုက်နားက ၄၄ လမ်းကြား ထိပ်မှာ ပလက်ဖောင်းပေါ်ထိုင်နေတဲ့ အမျိုးသား တဦးက  လမ်းမကြီးပေါ်မောင်းလာတဲ့ ၁၄၀ လိုင်း ဘတ်စ်ကား ၁ စီးရှေ့ကို အရှိန်နဲ့ပြေးပြီးဝင်တိုက်ခဲ့လို့ သူ့ခန္ဓာကိုယ်လွင့်စင်သွားတဲ့ ရုပ်သံတခု ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းလူမှုကွန်ရက်မှာ ပြန့်နေခဲ့ပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတီဗွီသတင်းက စုံစမ်းမေးမြန်းရာမှာတော့ ဗွီဒီယိုကလစ်ဟာ Thai Rescue News ထိုင်းကယ်ဆယ်ရေးအဖွဲ့က စတင်ဖြန့်‌ဝေလိုက်တဲ့ စီစီကင်မရာဖိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၄၀ အချိန်ကဖြစ်သွားတာလို့ ဆိုပါတယ်။ 

ကားကိုတမင်ဝင်တိုက်သူဟာ မြန်မာအလုပ်သမား  တဦးဖြစ်ပြီး သူဟာ ဇနီးဖြစ်သူနဲ့ စိတ်ဆိုးပြီး ခုလိုလုပ်လိုက်တာဖြစ်ကြောင်း၊ ဘတ်စ်ကားကြီးဟာ လုံး၀ဘရိတ်အုပ်ချိန်မရဘဲ သူ့ကို တိုက်လိုက်မိကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့က သူ့ကိုဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် ဆေးရုံရောက်တော့ သေဆုံးသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က သတင်းထောက်ကို ပြောပါတယ်။ 

သေဆုံးသူမှာ ဘန်ကောက်မြို့ ဘန်ခဲနယ်မြေမှာနေထိုင်ပြီး ဒီမတိုင်ခင်က မိန်းမနဲ့စကားများခဲ့တယ်လို့ ညီမဖြစ်သူကပြောပါတယ်။ သူ့အလောင်းကို မိသားစုက အဲဒီနေ့ လာသယ်သွားတယ်လို့ ဘန်မွတ်နယ်မြေရဲစခန်းက   သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါ အလုပ်သမားအမည်မှာ မောင်အေးစိုး သံဖြူဇရပ်မြို့ဇာတိဖြစ်ပြီး ထိုင်းမှာ မြန်မာ ပတ်စ်ပို့ ကိုင်ဆောင်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  ဘန်ကောက် မြန်မာအလုပ်သမားသံအရာရှိရုံးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ ဘယ်သူကမှ သံရုံးကို လာရောက်ဆက်သွယ် အကြောင်းကြားတာမရှိတဲ့အတွက် ဘာမှအကူအညီမပေးရကြောင်း၊  သူတို့လည်း အွန်လိုင်းပေါ်တင်ထားတဲ့ သတင်းတွေလောက်သာ သိပြီး အသေးစိပ်အချက်အလက်တွေ မသိရဘူးလို့ တာဝန်ကျ ဝန်ထမ်း ၁ ဦးက ပြောပါတယ်။ 

ကိုးကား - Amarin TV / Thai RescueNews 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013