DVB Logo
Home
မြန်မာသတင်း
အစုအဖွဲ့ဖြင့်လုပ်ကိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း  
DVB
·
October 16, 2019
အစုအဖွဲ့ဖြင့်လုပ်ကိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း  
1 / 5
Donate to DVB

ခေါင်းဆောင်လုပ်ဖို့ထက် အစုအဖွဲ့အနေနဲ့ လုပ်ဖို့က ပိုပြီးအရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ ရက် နေပြည်တော်မှာလုပ်တဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပြောသွားတာပါ။

“ကျမတို့ အခုဒီနှစ်တွေအတွင်းမှာဆိုရင် ကျမတို့ နိုင်ငံမှာသာမက ကမ္ဘာတဝန်းလုံးမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွေ ခဏခဏလုပ်တာကို သတိပြုမိ ပါတယ်။ အားလုံးက ခေါင်းဆောင်ချည်းပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီး ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ အားလုံးက ခေါင်းဆောင်လုပ်ရင် ဘယ်သူက နောက်ကလိုက်မှာလဲ။ အရေးကြီးတာက စုပေါင်းပြီး အစုအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ပဲ။ အင်္ဂလိပ်လိုပြောရင် Teamwork ပါ။ ဒီလို အစုအဖွဲ့တခု အနေနဲ့လုပ်ရင် ဦးဆောင်မှုပေးနိုင်တဲ့လူတွေက သူတို့အလိုလို သူတို့ရဲ့ ဆောင်ရွက်ချက်အရ ပေါ်လာပါမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နည်းပညာရှင်တွေ၊ ပညာရေးစီမံခန့်ခွဲသူတွေ၊ ကျောင်း၊ သင်တန်းနဲ့ တက္ကသိုလ်တွေက ဦးဆောင်သူတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကိုလည်း အလေးပေး ဆောင်ရွက်သွားကြရမယ်လို့ တိုက်တွန်းပြောသွားပါတယ်။

“ကိုယ်တယောက်ကပဲ ရှေ့ကနေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့မဟုတ်ဘဲနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေဆိုရင် ပြုပြင်နိုင်မယ်။ အားသာချက်တွေကို အများအတွက်သုံးနိုင်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားစေချင်ပါတယ်။ အားလုံးက ပူးပေါင်းပြီးတော့ အဖွဲ့အစည်းတခုအနေနဲ့ ဆောင်ရွက်ဖို့ ကိုယ်တယောက်တည်း ရှေ့ကနေဖို့ မဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေပံ့ပိုးပေးဖို့ ဒါဟာ ပါမောက္ခချုပ်များ တင်မက ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ ပြည်သူများအားလုံးမှာ တာဝန်ရှိပါတယ် ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်” 

ဒါ့အပြင် ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးသွားရမှာဖြစ်ပြီး အမျိုးသား ပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပညာရေးကဏ္ဍအသီးသီးမှာ အရည်အသွေး အာမခံစနစ်တရပ် ထားရှိရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေ၊ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်ဖို့ကို လည်း သူက တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ပညာရေးနှီးနှောဖလှယ်ပွဲမှာ စာတမ်း ၁၁ စောင် ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဒီနှစ်မှာလည်း အဆင့်မြင့်ပညာကဏ္ဍရဲ့ နယ်ပယ်ပေါင်းစုံနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း ၁၆ စောင် တင်သွင်းဖတ်ကြားမှာ ဖြစ်ပါတယ်။

ဒီနှစ်ဖတ်ကြားတင်သွင်းမယ့် စာတမ်းတွေဟာလည်း အရင်နှစ်တွေက ဖတ်ကြားခဲ့တဲ့ စာတမ်းတွေလိုပဲ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်တယ်လို့ လည်း ဆိုပါတယ်။

ဒီနေ့မှာတော့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ e-Payment စနစ် ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ရေး၊ အဝေးသင် အနီးကပ်သင်တန်းတွေ ပြုပြင်ပြောင်းလဲရေး၊ အဆင့်မြင့်ပညာကဏ္ဍက ဆရာ ဆရာမတွေရဲ့ လူမှုဘဝအခက်အခဲတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ စတဲ့ စာတမ်းတွေကို ဖတ်ကြားခဲ့ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013