DVB Logo
Home
မြန်မာသတင်း
ကချင်ခရီးစဉ် ၈၈ သတင်းစာရှင်းလင်း
DVB
·
January 10, 2013
ကချင်ခရီးစဉ် ၈၈ သတင်းစာရှင်းလင်း
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်း အချက်အလက်တွေ မျှဝေဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးအတွက် ဖိလစ်ပိုင်မှာ သွားရောက် လေ့လာမယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ သိမ့်မွေ့နက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တခုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ခံထားတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီးက လိုင်ဇာမြို့ကို ဦးမြအေးနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ သွားရောက်ခဲ့တာလို့ ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကြီးက ပြောပါတယ်။

[caption id="attachment_35226" align="alignright" width="150" caption="ဝေဇယန္တာလမ်းပေါ်ရှိ ၈၈မျိုးဆက်ရုံးခန်းတွင် ရှင်းလင်းပြောကြားနေစဉ်"][/caption]

ခရီးစဉ်ဟာ အချက်အလက်ရှာဖွေတဲ့ ခရီိးစဉ် ဖြစ်သလို ရှိနေတဲ့ ပဋိပက္ခဟာ တိုင်းရင်းသား လူမျိုးချင်း နားလည်မှု လွဲစေနိုင်တာမျိုး မဖြစ်အောင်နဲ့ နားလည်မှုလွဲမှားနေတာတွေကို လျော့ချနိုင်အောင် သွားရောက်တာလည်း ဖြစ်တယ်လို့ ရှင်းပြပါတယ်။

လိုင်ဇာကို သွားရောက်ခဲ့တဲ့ ဦးမြအေးက ကေအိုင်အေရဲ့ သဘောထားတွေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ရောက်နေတဲ့အချိန်မှာ လက်နက်ကြီးကျသံ ကြားခဲ့ရတယ်။ ကျနော်တို့ ရောက်နေတဲ့အချိန်မှာ အချက်အလက်အရပြောမယ်ဆိုရင် အေဘီအက်စ်ဒီအက်ဖ်က ရဲဘော် ၁ ယောက် လက်နက်ကြီးမှန်ပြီး ကျဆုံးတာကိုလည်း ကြားခဲ့ရတယ်။ ကေအိုင်အေအနေနဲ့ကတော့ ဆွေးနွေးဖြေရှင်းမှ ရမယ်ဆိုတဲ့ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို တိတိကျကျပြောလိုက် ပါတယ်။ ဆွေးနွေးမှုတွေဖြစ်လာဖို့ဆိုရင် အခုဖြစ်နေတဲ့ စစ်ပွဲအရှိန်အဟုန်ကို ချပေးဖို့။ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပါမယ်ဆိုတဲ့ ကတိက၀တ် အာမခံချက် တစုံတရာပေးနိုင်မယ်ဆိုရင် ဆွေးနွေးပွဲတွေ ပြန်စရေးအတွက် ငြိမ်းချမ်းရေးရှေးရှုတဲ့ ဖြစ်စဉ်တွေပေါ်ပေါက်လာမယ် ဆိုတာကို အတိအလင်းပြောပြလိုက်တာ ကေအိုင်အေပြောကြားချက်အတိုင်း ပြန်ပြောပါရစေ။

“အရေးကြီးဆုံးအချက်ကတော့ ကေအိုင်အေ အနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲအရှိန်အဟုန်မြင့်နေလို့ မဖြစ်နိုင်သေးဘူးဆိုရင်တောင်မှ ယူအန်အက်ဖ်စီနဲ့ အစိုးရတွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကေအိုင်အေကလည်း ယူအန်အက်ဖ်စီထဲမှာ အပါအ၀င်ဖြစ်တာကြောင့် အဲပွဲမှာ ကေအိုင်အေအနေနဲ့ တက်ရောက်မယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ကျနော်တို့ကို ပြောလိုက်ပါတယ်။”

ဦးမြအေးနဲ့ အဖွဲ့ဟာ ကေအိုင်အေက ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်အပါအ၀င် တာဝန်ရှိသူတွေနဲ့  ၂ ကြိမ်  ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သလို လိုင်ဇာအနီးက စစ်ပြေး ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှ ရန်ကုန်ကနေ စတင်ထွက်ခွာခဲ့ပြီး ၃ ရက်နေ့ လိုင်ဇာကို ရောက်ရှိခဲ့ကာ ဇန်န၀ါရီလ ၆ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013