DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည် ၅၀,၀၀၀ စာရင်း ဘင်္ဂလားဒေ့ရှ်က မြန်မာကိုပေးအပ် 
DVB
·
October 16, 2019
ဒုက္ခသည် ၅၀,၀၀၀ စာရင်း ဘင်္ဂလားဒေ့ရှ်က မြန်မာကိုပေးအပ် 
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား ဒုက္ခသည်စခန်းမှာ ရောက်ရှိ ခိုလှုံနေတဲ့ ဒုက္ခသည် ၅၀,၀၀၀ ရဲ့ စာရင်းကို  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။

ဒုက္ခသည်တွေရဲ့အမည်စာရင်းကို စိစစ်ပြီး နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက်   အောက်တိုဘာ ၁၅ ရက်နေ့က မြန်မာသံအမတ်ကြီးကို စာရင်းတွေ ပေးပို့ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗဒူမိုမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး   bdnews24.သတင်းမှာ ဖော်ပြပါတယ်။ 

ဘင်္ဂလားဒေ့ရှ်  အစိုးရက မြန်မာဘက်ကို  ဒုက္ခသည်တွေရဲ့ အမည်စာရင်းပေးပို့ခဲ့တာ သုံးကြိမ်ရှိပြီး အခုနောက်ဆုံးပေးပို့တဲ့ စာရင်းသစ်နဲ့ ပေါင်းရင် ဒုက္ခသည်တွေရဲ့ အရေအတွက် ၁၀၅,၀၀၀ ဦးရှိသွားပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ၂၀၁၇  ဩဂုတ်လမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်နဲ့ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေကို ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်မှာ ပထမအကြိမ်၊ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်မှာ ဒုတိယအကြိမ်၊ ၂၀၁၉ သြဂုတ် ၂၂ ရက်မှာ တတိယအကြိမ် ပြန်လက်ခံဖို့ မြန်မာဘက်ကစီစဉ်ထားခဲ့ပေမယ့် တ​ဦးမှ ပြန်​လာခြင်း မရှိပါဘူး။

တဖက်နိုင်ငံရောက် ဒုက္ခသည်တွေကတော့ သူတို့ရဲ့ လုံခြုံရေးအာမခံချက်ပေးဖို့၊   နိုင်ငံသားပေးဖို့နဲ့ ရိုဟင်ဂျာတွေကို လူမျိုးအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုထားပြီး တောင်းဆိုချက်တွေရမှ ပြန်လာမယ်လို့ ပြောထားပါတယ်။ 

ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ဆန္ဒပြုထားသူတွေကို  အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို မြန်မာဘက်က ပြီးခဲ့တဲ့လ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားပါတယ်။

ဓာတ်ပုံ- AA.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013