DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါ Golden Ticket ပိုင်ရှင်များ အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်မည် (ရုပ်သံ)
DVB
·
October 16, 2019
မြန်မာအိုင်ဒေါ Golden Ticket ပိုင်ရှင်များ အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်မည် (ရုပ်သံ)
Donate to DVB

    ပရိသတ်စိတ်ဝင်စားမှုတွေ မြင့်တက်နေတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol Season 4 ရဲ့ Audition အဆင့် လူရွေးချယ်ပွဲဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တ လောမှာတော့ အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်ရတဲ့ Golden Week အဆင့်ကို ရောက်နေခဲ့ပါပြီ။

       ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဒိုင်တွေဆီက Golden Ticket တွေ အသီးသီး ရရှိ ထားကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုနဲ့ တဆင့်ဆက်လက်တက်ရောက်သူတွေက တက်ရောက်သွားခဲ့ကြကာ လက်ပြနှုတ်ဆက်အိမ်ပြန်ခဲ့ကြရသူတွေလည်း ရှိခဲ့ပါတယ်။

    ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပရိသတ် အခိုင်အမာရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲမှာ ဘယ်လိုအရည်အချင်းရှိသူတွေက နောက်တဆင့် ဆက်တက်လှမ်းသွားနိုင်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။

Season 4 အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံ မြို့ကြီး ငါးမြို့ဖြစ်တဲ့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန် ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ခု Theatre Round 2 ယှဉ်ပြိုင်မှုကတော့ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013