မဲခေါင် ၅ နိုင်ငံက သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ တာချီလိတ်တွင် ကျင်းပ
DVB
·
October 16, 2019
မယ်ခေါင်မြစ်ဝှမ်း ၅ နိုင်ငံ ဓမ္မခရီး သံဃာတော် ဆွမ်းလောင်းပွဲကို တာချီလိတ်မြို့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီး အောက်တိုဘာ ၁၆ ရက်မနက်က ကျင်းပပါတယ်။
ဒုတိယအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ထိုင်းနိုင်ငံ၊ ချင်းရိုင်၊ တာချီလိတ်နဲ့ ကျိုင်းတုံမြို့တို့မှာ မြန်မာနိုင်ငံက တာ၀န်ရှိသူနဲ့ ထိုင်းနိုင်ငံက တာ၀န်ရှိသူတွေစုပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက သံဃာတော်တွေကို ဒေသခံတွေက ဆွမ်းနဲ့တခြားလှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လောင်းလှူခဲ့ကြ ပါတယ်။
သတင်း- ကိုဇက်