Home
မြန်မာသတင်း
ရေး-မော်လမြိုင်ကားလမ်း၌ ယာဉ် ၂ စီးတိုက်မိ၊ ဘုရားဖူး ၁၃ ဦးကို ဆေးရုံသို့အရေးပေါ်ပို့ဆောင်
DVB
·
October 16, 2019
72959303_254682775492730_5215473341237821440_n
72859078_254682828826058_1524671771846901760_n
72571752_254682798826061_5049568903601061888_n
72271443_254682855492722_8327290384002580480_n
 ရေး- မော်လမြိုင်သွားကားလမ်းမမှာ  အောက်တိုဘာ ၁၆ ရက် မနက်က ကား ၂ စီး တိုက်မိရာက  ဘုရားဖူးယာဉ်ပေါ်လိုက်ပါလာသူ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် လူနာတင်ယာဉ်နဲ့ ရေးမြို့ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ ရေးမြို့ကနေ ၃ မိုင်လောက်အကွာမှာ ယာဉ်မောင်း ကိုအောင်ထူး မောင်းနှင်ပြီး  ဘုရားဖူး ခရီးသည် အမျိုးသား ၈ ဦး အမျိုးသမီး ၅ ဦးလိုက်ပါလာတဲ့ PROBOX ကားနဲ့  တဖက်ယာဉ်ကြော ကနေမောင်းလာတဲ့ ကွမ်းသီးတင် CANTER ကားတို့ တိုက်မိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားချင်း ဒဏ်ရာရသူတွေကို အချိန်မီ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနိုင်ခဲ့လို့ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ သေဆုံးတဲ့သူတယောက်မှ မရှိခဲ့ဘူးလို့ ရေးဒေသခံ ရဲအရာရှိတဦးက ပြောပါတယ်။  ကွမ်းသီးတင်ဆောင်လာတဲ့ ကားရဲ့ ယာဉ်မောင်းကတော့  ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် ဒီနေ့မနက်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့  စုံစမ်းစစ်ဆေးနေတယ်လို့ လည်း ပြောပါတယ်။  ၂၀၁၉ ခုနှစ်အတွင်း ရေးမြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူ ဒါဇင်နဲ့ချီ  ရှိနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း- နေမျိုးထွဋ် ရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024