DVB Logo
Home
မြန်မာသတင်း
ဆောင်းချေးငွေအတွက် စိုက်ပျိုးစရိတ် ပြန်ဆပ်ရမည့် နောက်ဆုံးရက် ထပ်တိုးပေး
DVB
·
October 16, 2019
ဆောင်းချေးငွေအတွက် စိုက်ပျိုးစရိတ် ပြန်ဆပ်ရမည့် နောက်ဆုံးရက် ထပ်တိုးပေး
Donate to DVB

တောင်သူလယ်သမားတွေယူထားတဲ့ ဆောင်းချေးငွေအတွက် စိုက်ပျိုးစရိတ်  ပြန်လည် ပေးဆပ်ရမယ့် နောက်ဆုံးရက်ကာလကို နှစ်လခွဲလောက် ထပ်တိုးပေးထားတယ်လို့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားတွေကို အသိပေးကြေညာထားပါတယ်။

တောင်သူတွေအတွက် ဆောင်းချေးငွေကို အောက်တိုဘာလဆန်းကနေ ဒီဇင်ဘာလကုန် အထိ ထုတ်ချေးပေးလေ့ရှိပြီး နောက်နှစ် ဇွန်လကုန်နောက်ဆုံးပေးဆပ်ဖို့ အစိုးရဘဏ်က အရင်နှစ်တွေက သတ်မှတ်ခဲ့ပါတယ်။

အခုနှစ်မှာတော့တောင်သူတွေရဲ့ ချေးငွေပေးဆပ်မှုအဆင်ပြေစေဖို့အတွက် ချေးငွေ ပေးဆပ်ရမယ့် နောက်ဆုံးရက်ကို ၂၀၂၀  စက်တင် ဘာ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်တာလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

မိုးကြိုချေးငွေတွေကိုတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လဆန်းမှ မတ်လ ကုန်အထိ ထုတ်ချေးမှာ ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ လကုန်နောက်ဆုံးထားပြန်ဆပ်ရမှာပါ။ မိုးချေးငွေတွေကို တော့ ၂၀၂၀ မေလဆန်းမှ စက်တင်ဘာလကုန်အထိ ချေးငွေထုတ်ချေးမှာဖြစ်ပြီး ၂၀၂၁ ဧပြီလ ၁၅ ရက် နောက်ဆုံးထားပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ 

အခုဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအတွက် အရင်ပေးနေကျ သီးနှံတွေအတွက်အပြင် နောက်ထပ် သီးနှံ ၁၆ မျိုးအတွက်ပါ ချေးငွေတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအပါအဝင် သီးနှံ ၁၄ မျိုးအတွက် ချေးပေးခဲ့ရာက  အခုနှစ်မှာ ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ၊ ပန်းနှမ်း၊ နေကြာ၊ ကြက်သွန်နီ၊ ငရုတ်နဲ့ ပြည်တွင်းမှာ စားသုံးတာများတဲ့ တခြားသီးနှံ ၈ မျိုးအတွက်ပါ တဧကကို ကျပ်တသိန်းနှုန်းချေးပေးမှာ ဖြစ်ပါတယ်။

လက်ရှိ ချေးပေးနေတာကတော့ စပါးအတွက် တဧကကို ကျပ် ၁၅၀,၀၀၀ နှုန်း၊ တခြားသီးနှံတွေနဲ့ ချက်ကြံအတွက် တဧကကို ကျပ်တသိန်းနှုန်းဖြစ်ပါတယ်။ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇ မူရင်းကို အပေါင်အဖြစ်ထားပြီး တောင်သူတဦးချင်း အာမခံစနစ်နဲ့ ချေးယူနိုင်မှာလည်း ဖြစ်ပါတယ်။

 

လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တောင်သူတွေအတွက် စပါးချေးငွေ နှုန်းထားတွေကို တဧကကျပ် ၁ သိန်းမှ ၁ သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ကျပ် ၂ သောင်းမှ ၅ သောင်းသို့ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ကျပ် ၅ သောင်းမှ  ၁ သိန်း သို့လည်း ကောင်း ချေးငွေ နှုန်းထားသုံး ကြိမ်တိုးမြှင့်ပေးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013