Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ
DVB
·
October 15, 2019
72553378_891319931224015_2988934987589353472_o
72249565_891287637893911_4728465603680010240_n
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဝင်းကိုင်းကျေးရွာအုပ်စု၊ ရွှေလှိုင်ကျေးရွာအနီး စစ်အောင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရှိသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း ၆ နာရီလောက်က ရွှေလှိုင်ကျေးရွာ အနီးတပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် စစ်အောင်ကျေးရွာက အသက် ၅၃ နှစ်အရွယ်ဦးကုလားမောင်(ခေါ်) ဦးခင်အောင်ကြည်သေဆုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာက တက္ကသိုလ် ကျောင်းသား မောင်နေဆန်းဝင်းအသက် ၂၄ နှစ်တို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မိသားစု ကပြောပါတယ်။ စစ်အောင်ကျေးရွာကသေဆုံးသွားတဲ့ ဦးကုလားမောင်ရဲ့တူမ  ဒေါ်နွယ်နွယ်ဦးက “ရွာတွေကို မုန့်တီဖတ် လိုက်ပို့နေတဲ့ ကားရှိတယ်။ အဲ့ဒီကားကို ကျမဦးလေးက မုန့်တီဖတ်ယူဖို့ ဆိုပြီး ကျေးရွာရဲ့အဝင်လမ်းက တားတယ်။ အဲ့ဒီကားမှာလည်း စစ်သား ၆ ယောက်လာပါတယ်။ ဟိုက်ဂျက်ကားပါပဲ၊ ကျမဦးလေးတားတာကို ဘာလို့တားရလဲဆိုပြီး စစ်သားတွေက ဆင်းလာတယ်။ ဆင်းလာပြီတော့ ဖုန်းတွေကို စစ်တယ်။ ပြီးတော့ ရွာရဲ့ဘုန်းတော်ကြီးကျောင်းကို ကျမဦးလေးကိုခေါ် သွားတယ်။ အဲ့ဒီမှာ ကျမဦးလေးကို စစ်သားတွေက ပစ်သတ်လိုက်တယ်”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသွားတဲ့ တက္ကသိုလ်ကျောင်းသား စစ်အောင်ကတော့   ရွေလှိုင်းကျေးရွာကဖြစ်ပြီး တပ်မတော်က ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ရွှေလှိုင်ကျေးရွာသားတွေ ကပြောဆိုပါတယ်။ ဒီကနေ့မွန်းလဲ ၂ နာရီ လောက်မှာတော့ သေဆုံးသွားတဲ့ဦးကုလားကြီးရဲ့အလောင်းကို သွားရောက် ယူခဲ့ပြီး ကျောက်တော် ရင်ခွဲရုံကိုပို့ဆောင်ခဲ့ရတယ်လို့ မိသားစုတွေကပြောဆိုပါတယ်။ ကျောက်တော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “အဲ့ဒီအနားမှာ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး။ တပ်မတော်က ဦးကုလားမောင်က ကားကိုတားတဲ့နောက်ပိုင်း ဖမ်းဆီး ခေါ်သွားပြီးပစ်သတ်လိုက်တယ်တယ်။ နောက်ကျောင်းသား တယောက်ကတော့ ထိခိုက်ဒဏ်ရာရ သွားတယ်။ အခုအချိန်အထိ မုန့်တီဖတ် ရောင်းချနေတဲ့ ကားမောင်းသမားတွေကို ရှာမတွေ့သေးဘူး။” အခုလိုပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။ ဒါ့အပြင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ လက်ရှိတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အရပ်သား ပြည်သူ ၈၀ ကျော်ထက် မနည်း သေဆုံခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူတွေ ၁၂၀ ကျော်ရှိကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးတင်ပြထားပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024