DVB Logo
Home
မြန်မာသတင်း
နာမည်ကျော် Maleficent: Mistress of Evil ရုပ်ရှင် အောက်တိုဘာ ၁၈ ရုံတင်မည် (ရုပ်ရှင်နမူနာ)
DVB
·
October 15, 2019
နာမည်ကျော် Maleficent: Mistress of Evil ရုပ်ရှင် အောက်တိုဘာ ၁၈ ရုံတင်မည် (ရုပ်ရှင်နမူနာ)
Donate to DVB

နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Angelina Jolie ခေါင်းဆောင် ပါဝင်ထားတဲ့ Maleficent: Mistress of Evil ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

နာမည်ကျော် Disney ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကိုတော့ နော်ဝေရုပ်ရှင်ဒါရိုက်တာ Joachim Rønning က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံတင်ဝင်ငွေ စံချိန်တင်ရရှိ အောင်မြင်ခဲ့တဲ့ Maleficent ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။

Sleeping Beauty ကာတွန်းရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အရင်ကားထဲမှာ Maleficent အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Angelina Jolie ၊ မင်းသမီး Aurora နေရာမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး Elle Fanning တို့က ပြန်လည်ပါဝင်မှာ ဖြစ်ကာ မင်းသား Phillip နေရာမှာတော့ သရုပ်ဆောင်မင်းသား Harris Dickinson က အသစ်ပါဝင်လာတာ ဖြစ်ပါတယ်။

Maleficent ရုပ်ရှင်ကားထဲမှာ ဗီလိန်ဇာတ်ကောင် နတ်သမီးဟာ သူ သိပ်ချစ်ရတဲ့ အမျိုးသားတယောက်ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက်မှာ အဲဒီအမျိုးသားရဲ့ သမီးဖြစ်သူကို ပစ်မှတ်ထားပြီး ကလဲ့စားချေမယ့်သူအဖြစ် သရုပ်ဆောင်ထားခဲ့တာပါ။

ခုအသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ထဲမှာတော့ ဗီလိန်နတ်သမီးနဲ့ ဘုရင်မ အရိုက်အရာ ဆက်ခံမယ့် မင်းသမီးလေးကြား ရှုပ်ထွေးတဲ့ အခြေအနေတွေ၊ မှော်တိုင်းပြည်ကြီးကို ကာကွယ်ဖို့ မဟာမိတ်တွေ၊ ရန်သူတွေနဲ့ ရင်ဆိုင်ကြရတာတွေကို ဘယ်လို ဆန်းကြယ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကို မကြာခင် ရှုစားကြရတော့မှာပါ။

ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။

အမိုက်စား ရိုက်ချက်တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ အလန်းစားဝတ်စုံတွေ၊ သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ Youtube ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Box Office မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀ နီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013