
ONE CENTURY ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီက စတင်ကာ အပိုင်း ၂ ပိုင်းခွဲ ကျင်းပနေပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အမြောက်အမြား လာရောက်အားပေးနေကြပါတယ်။
အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်ကို အားပေးဖို့ လာရောက်ကြတာလို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အောင်လအန်ဆန်ဟာ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနဲ့ ဒီနေ့ ညနေပိုင်း ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် အကောင်ဆုံးပြသ သွားမယ်လို့ ဒီဗွီဘီ သတင်းဌာနကို ပြောကြားထားပါတယ်။
အောင်လအန်ဆန်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ ONE Championship ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။










