DVB Logo
Home
ကျန်းမာရေး
လူတစ်ယောက် အနားမှာမရှိရင် မနေတတ်တဲ့ စိတ်ရောဂါ
DVB
·
October 13, 2019
လူတစ်ယောက် အနားမှာမရှိရင် မနေတတ်တဲ့ စိတ်ရောဂါ
Donate to DVB

Autophobia ဆိုတာ အထီးကျန်ရမှာ၊ တစ်ယောက်တည်း နေရမှာကြောက်တဲ့ စိတ်ရောဂါကို ခေါ်တာပါ။ ကိုယ့်အိမ်လို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေရာမှာ တစ်ယောက်တည်း နေနေရင်တောင် စိတ်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ ထိတ်လန့်တဲ့ စိတ်တွေ အမြဲဖြစ်နေတတ်ပါတယ်။ ဒီစိတ်ရောဂါရှိသူတွေမှာ သူတို့စိတ်ကလေး လုံခြုံဖို့အတွက် ကိုယ်ချစ်ရတဲ့သူ သို့မဟုတ် လူတစ်ယောက်ယောက်က အနားနားမှာ အမြဲရှိကို ရှိမှဖြစ်မယ် ဆိုတဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရင်တောင် ကိုယ့်စိတ်ထဲမှာ သူခိုး၊ ဓားပြရန် ကြောက်ရတာ၊ အချစ်မခံရမှာ၊ တစ်စုံတစ်ယောက်က ကိုယ့်ကို မလိုချင်တော့တာ၊ ရုတ်တရက် ဖျားနာ၊ နေမကောင်းဖြစ်မှာ၊ ရောဂါဖြစ်မှာ ကြောက်တာ၊ ရှင်းမပြတတ်တဲ့ အသံတွေကြားရမှာကို ကြောက်နေတတ်ပါတယ်။ လူငယ်တွေနဲ့ ကလေးတွေမှာ အလွန်အဖြစ်များပြီး လူကြီးပိုင်းအရွယ် ရောဂါဝေဒနာ ခံစားနေရသူတွေမှာလည်း ဒီစိတ်ရောဂါ စွဲကပ်လာတတ်ပါတယ်။

Autophobia စိတ်ဝေဒနာ လက္ခဏာက ဘာတွေလဲ။

ဒီစိတ်ဝေဒနာရှင်တွေမှာ ရုတ်တရက်ကြည့်လိုက်ရင် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေပေမယ့် တစ်ယောက်တည်း နေတဲ့အချိန်၊ တစ်ယောက်တည်း ဖြစ်နေရတော့မယ်လို့ တွေးမိတဲ့အချိန်မှာ

  • တစ်ယောက်တည်း နေတဲ့အချိန်မှာ ဘာတွေဖြစ်လာမလဲ တွေးပူပြီးကြောက်တာ
  • တစ်ယောက်တည်း နေရမှာကို အရမ်းစိုးရိမ်နေတာ
  • စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့တာ
  • အလွန်အမင်း ကြောက်လန့်လာတာ
  • ထွက်ပြေးချင်စိတ်တွေ ဖြစ်လာတာ
  • အထီးကျန်ရမှာကို တွေးမိပြီး ဝမ်းနည်းပူလောင်စိတ် ဖြစ်တာ
  • တစ်ကိုယ်လုံး တုန်နေတာအ၊ ချွေးစေးပြန်တာ၊ ရင်ဘတ်ထဲက အောင့်လာတာ၊
  • ခေါင်းမူးခြင်း၊ အန်ချင်စိတ်တွေ ဖြစ်လာခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ဒီစိတ်ဝေဒနာဖြစ်ဖို့ ဘယ်က အစပြုလာတာလဲ။

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘစွန့်ပစ်တာ ခံခဲ့ရတဲ့ ကလေးတွေ၊ မိဘတွေ အမြဲရန်ဖြစ်နေတာ၊ မိတကွဲ ဖတကွဲ ဖြစ်နေတာ၊ မိဘတွေရဲ့ နွေးထွေးကြင်နာမှု၊ မေတ္တာကို အပြည့်အဝမရခဲ့တဲ့ ကလေးတွေမှာ ဒီစိတ်ဝေဒနာ ပါလာတတ်ပါတယ်။ ငယ်စဉ်က ဖြစ်လာတဲ့ အထီးကျန်စိတ်က ကြီးလာတဲ့အခါ ပျောက်သွားတာမျိုး မဟုတ်ဘဲ ချစ်ရသူတစ်ယောက် ဘဝထဲကို ဝင်လာတိုင်း ပိုပိုပြီးဆိုးလာနိုင်ပါတယ်။

ငါတော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှာပါလား၊ တစ်ယောက်တည်း သီးသန့်နေရတော့မှာပါလား ဆိုပြီး ကြောက်ရွံ့စိတ်ဝင်ရာကနေ ဖြည်းဖြည်းချင်း အစပျိုးလာတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ဝေဒနာဖြစ်ပါတယ်။ တခြား ဖိုးဘီးယားစိတ်ဝေဒနာလောက် ပြင်းထန်မှုမရှိပေမဲ့ ကိုယ့်ရဲ့ စိတ်၊ ရုပ်မှာ ပြောင်းလဲသွားတဲ့ လက္ခဏာတွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တာတော့ အတူတူပါပဲ။ ဒီလိုမျိုး အထီးကျန်စိတ်ဝေဒနာကြောင့် နည်းမျိုးစုံနဲ့ တစ်စုံတစ်ယောက်ကို အနားမှာ ခေါ်ထားဖို့ ကြိုးစားရင်းကနေ လူမှုရေးမှာ အရှုပ်အထွေးတွေ ပိုဖြစ်လာနိုင်သလို ကိုယ့်ရဲ့ စိတ်အခြေအနေဟာလည်း ပိုပြီး ဆိုးလာတတ်ပါတယ်။

ကိုယ့်မှာ Autophobia ရှိနေပြီဆိုရင် ဘာလုပ်သင့်လဲ။

ကြောက်ရွံ့မှုကနေ အစပြုလာတဲ့ ပုံမှန်မဟုတ် စိတ်ဝေဒနာြဖစ်တာကြောင့် ကိုယ့်မှာ ဒီရောဂါရှိနေတယ်လို့ သံသယဖြစ်နေတယ်ဆိုရင် စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ မိသားစုအခြေအနေ၊ လက်ရှိ စိတ်အနေအထား၊ ရောဂါရဲ့ ပြင်းထန်မှုကို စစ်ဆေးပြီးမှ ကိုယ့်အတွက် အဆင်ပြေမယ့် စိတ်ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးမှာပါ။

Autophobia ဆိုတာ တစ်ယောက်တည်း ရှိနေတဲ့အခြေအနေမှ စိတ်ထဖောက်တဲ့ လက္ခဏာတွေ ဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ အချစ်ရေးမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက် အနားမှာမရှိတာနဲ့ မနေတတ်တော့ဘူး၊ နောက်လူတစ်ယောက်ကို အစားထိုးဖို့ ကြိုးစားမယ်ဆိုရင် အနှေးနဲ့အမြန် အိမ်ထောင်ရေးေဖာက်ပြန်မှုတွေ ဖြစ်လာတော့မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ စောစော စတင်လိုက်တာပိုကောင်းပါတယ်။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013