DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို သွားရောက်
DVB
·
January 9, 2013
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို သွားရောက်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ပြည်နယ်အစိုးရတာဝန်ရှိသူတွေအပြင် စစ်တွေမြို့မိမြို့ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါနဲ့အဖွဲ့ ရခိုင်ပြည်နယ်ကို အခုလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ သွားရောက်ခဲ့တာပါ။

[caption id="attachment_35165" align="alignleft" width="150" caption="အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ"][/caption]

ဒီတွေ့ဆုံမှုအခြေအနေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က “သူတို့လာတာ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော် အဲဘက်တွေကို နေ့ချင်းသွားတာ။ စစ်တွေမှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ နောက် တရက်မှာ စစ်တွေဒုက္ခသည်စခန်းနဲ့ မောင်တော်ဘက်သွားတယ်။ မြို့မိမြို့ဖတွေနဲ့ ပြောဆိုတာက သူတို့ နှစ်ဖက်လုံးကို အထောက်အပံ့တွေပေးသွားမယ်။ နောက် အတူယှဉ်တွဲနေထိုင်လို့ ရနိုင် မရနိုင်မေးတယ်။ နှစ်ဖက်လုံးကတော့ လောလောဆယ်မှာ အတူယှဉ်တွဲနေထိုင်လို့မရသေးဘူးလို့တော့ ငြင်းကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ အတူ ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်း၊ မင်းပြားမြို့နယ် စမ်းဘလေ ဒုက္ခသည် စခန်း၊ ကျောက်တော်မြို့နယ် တောင်ဘွေ ဒုက္ခသည်စခန်း၊ မောင်တောမြို့နယ် မောရဝတီ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး စစ်တွေမြို့ မင်းဂံ ဒုက္ခသည်စခန်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဖက် ဒုက္ခသည်တွေအတွက် အကူညီတွေကို ထောက်ပံ့သွားတယ်လို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ဒုတိယအကြိမ် ထပ်ဖြစ်ပွားတဲ့အခါမှာ ဟိုဘက်ဒီဘက် ဒုက္ခသည်စခန်းတွေ လိုနေသေးတယ်။ ဒုက္ခသည်စခန်းတွေ ထပ်ဆောက်ပေးသွားမယ်။ အဲအတွက် ကုန်ကျမှုအပိုင်း၊ စားသောက်နေထိုင်မှုအပိုင်း ဒါတွေအတွက် မှတ်တမ်းယူသွားတယ်။”

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၁ သန်း အကူအညီပေးမယ်လို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ကတိပြုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013