DVB Logo
Home
မြန်မာသတင်း
တားမြစ်ထားသည့် ညောင်ဦး ရေနံမှော်မှ ရေနံများကို ညအချိန် လူအုပ်စုလိုက် ဝင်ခပ်နေ
DVB
·
October 12, 2019
တားမြစ်ထားသည့် ညောင်ဦး ရေနံမှော်မှ ရေနံများကို ညအချိန် လူအုပ်စုလိုက် ဝင်ခပ်နေ
1 / 2
Donate to DVB

ညောင်ဦးမြို့နယ် တက်မကျော်ရွာနဲ့ တောင်ဖီလေးကျေးရွာက ရေနံမှော်တွေကို ဒေသန္တရအမိန့်ထုတ်ပြီး တားမြစ်ထားပေမယ့် ညဘက်တွေမှာ ရေနံလျှံတွင်းတွေက ရေနံတွေကို ကျေးရှာနေသူတွေက အစုအဖွဲ့တွေနဲ့ ဝင်ခပ်နေကြတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တက်မကျေးရွာနှင့် တောင်ဖီးလေးကျေးရွာရှိ အလယ်ရွာကွင်း ကွင်းအမှတ် ၁၈၀၈၊ ကျောက်တန်းကွင်း ကွင်းအမှတ် ၁၈၀၅၊ ညောင်ပင်သာကွင်း ကွင်းအမှတ် ၁၇၇၉ တို့မှာ ရေနံလက်ယက်တွင်း ၁၅၀ ကျော် တူးဖော်ထားပြီး ကုမ္ပဏီ နှစ်ခု၊ ဒေသခံ ကျေးရွာသားတွေနဲ့ လုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ က တရားဝင်လုပ်ကိုင်ခွင့်ရဖို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရဆီ ‌လျှောက်ထားတယ်လို့ သိရပါတယ်။

တရားဝင် ခွင့်ပြုမိန့်မရခင်အချိန်အတွင်း အချင်းများ ပြဿနာမဖြစ်စေရေးအတွက် ဒေသန္တရအမိန့်နဲ့ အောက်တိုဘာ ၁၁ ရက်က စတင်ပိတ်ထားပြီး ဝင်ပေါက် ထွက်ပေါက် လမ်းနှစ်လမ်းကို စစ်ဆေးရေးဂိတ်တွေ ချထားတယ်လို့ ညောင်းဦးခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပြောပါတယ်။

တားမြစ်မိန့်ထုတ်ထားပေမယ့် အဲဒီနေရာမှာ အာဏာပိုင်အဖွဲ့အစည်းတွေ မရှိဘူးလို့ လုပ်ငန်းလျှောက်ထားဆဲ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“သူတို့ ပိတ်ထားလို့ လျှံတဲ့ကျင်းတွေကလည်း လျှံနေတယ်။ လုပ်ကွက်တွေက မြန်မြန်ချမပေးရင် ဒုက္ခရောက်ပြီ။ လျှံနေတဲ့ကျင်းတွေကို မခပ်ဘဲ ပစ်ထားပြန်ရင်လည်း ဆီတွေလျှံလာပြီး လမ်းတွေပေါ်  ရောက်ကုန်မယ်။ မီးရေး ထင်းရေးအတွက်လည်း စိတ်မချရဘူး။ အမိန့်ကလည်း ၁၄၄ ဆိုတော့ ပြည်သူတွေက ကြောက်ရတာပေါ့။ လျှံနေတဲ့ကျင်းက လက်ရှိ ၆ ကျင်းလောက်ရှိတယ်။ မခပ်ရင်လျှံမှာ၊ ဆောင်ရမယ့်အခွန် တဧက ၃ သိန်း၊ သယ်သူခွင့် အခွန်အတွက် ဆီတပေပါကို ငါးထောင် ဒါမှမဟုတ် ရှစ်ထောင်လောက်ကောက် အဲလိုမျိုးဆိုရင် ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။

ရေနံလက်ယက် တွင်းတတွင်းကို ကုန်ကျစရိတ် သိန်း ၈၀ ကနေ ၉၀ ဦးကြား ကုန်ကျခံကြရပြီး တဦးတည်း တပိုင်တနိုင်ရှိသလို တွင်းတတွင်းကို ဒေသခံ အစုအဖွဲ့လိုက် စုပေါင်း ရင်းနှီးလုပ်ကိုင်ကြတာလည်း ရှိနေတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013