DVB Logo
Home
မြန်မာသတင်း

ပလတ်စတစ်ဘူးခွံများဖြင့် လုပ်ထားသည့် မျက်နှာကြက်

DVB
·
October 12, 2019
ပလတ်စတစ်ဘူးခွံများဖြင့် လုပ်ထားသည့် မျက်နှာကြက်
1 / 5
Donate to DVB

ပလတ်စတစ်ဘူးခွံတွေနဲ့ မျက်နှာကြက်လုပ်ပြီး ပုလင်းတွေနဲ့ ထိုင်ခုံတွေ လုပ်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေကို လူကြိုက်များနေပါတယ်။

တနင်္သာရီတိုင်း၊ အထက်ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖားချောင်းအင်းကျောင်းမှာ လုပ်နေတာဖြစ်ပြီး အဲကျောင်းကဆရာတော် ဦးပညာဓမ္မက တင်ထားတာပါ။

ဘုန်းကြီးကျောင်းမှာရှိတဲ့ ဧည့်ခံကျွေးမွေးဆောင် မျက်နှာကြက်ကို ရေသန့်ဘူးတွေနဲ့ ပြုလုပ်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် အဲအဆောင်ရဲ့ နံရံဘေးကပ်ရက်မှာလည်း ပုလင်းခွံတွေကိုသုံးပြီး အင်္ဂတေနဲ့ ထိုင်ခုံတွေ လုပ်ထားပါသေးတယ်။

အချိုရည်ဘူးခွံတွေနဲ့ မီးဆိုင်းတွေ လုပ်ထားသလို ဝင်ပေါက်ကိုလည်း အချိုရည်ဘူးခွံတွေနဲ့ မုခ်ဝလို လုပ်ထားတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးသူတွေကတော့ စိတ်ကူးကောင်းကြောင်း၊ လက်ရာမြောက်ကြောင်း၊ လေးစားကြောင်း ပြောဆိုကြပြီး ရေဘူးထဲမှာ ရေထည့်ထားရင် အပူဒဏ်သက်သာနိုင်မယ်လို့လည်း အကြံပေးထားပါတယ်။

ရေးထားတဲ့ ဆရာတော် ဦးပညာဓမ္မကတော့ ဒါဟာ အဆန်းထွင်တာ မဟုတ်သလို ပညာရှင်လည်း မဟုတ်ပေမယ့် အိမ်ခြေနည်းတဲ့ ရွာငယ်လေး ဖြစ်တာကြောင့် အလှူလိုက်ခံတာ၊ ခွဲတမ်းချ ငွေကောက်တာတွေ မလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ 

ပြီးတော့ ပိုက်ဆံရှိသူတွေကို ကပ်ဖားရပ်ဖားလုပ် အလှူမခံချင်တာကြောင့် အလှူပွဲတွေ ပင့်ဖိတ်လို့ သွားရင်းရလာတဲ့ ငွေတချို့ကို သုံးတာဖြစ်သလို  စွန့်ပစ်ပစ္စည်းများကို ပြန်ပြီး သုံးချင်တာကြောင့် ဖြစ်တယ်လို့ ရေးသားထားပါတယ်။

Photo : ကံပေါက်ဒေသ facebook

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013