DVB Logo
Home
မြန်မာသတင်း
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် ဟယ်ရီစတိုင်လ်သီချင်းသစ်- Lights Up(ရုပ်သံ)
DVB
·
October 11, 2019
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် ဟယ်ရီစတိုင်လ်သီချင်းသစ်- Lights Up(ရုပ်သံ)
Donate to DVB

နာမည်ကျော် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ One Direction အဖွဲ့မှ ဟယ်ရီစတိုင်လ်က ဒီကနေ့မှာတော့ သူ့ရဲ့သီချင်းသစ်တပုဒ်ကို ဖြန့်ချိလိုက်ပါတယ်။

Lights Up လို့ အမည်ပေးထားတဲ့ ဒီသီချင်းဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟယ်ရီစတိုင်လ်ဟာ နာမည်ကြီး အဆိုပြိုင်ပွဲတခုဖြစ်တဲ့ The X-Factor မှာ ၂၀၁၀ ပြည့်နှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂီတလောကထဲကို စတင်ရောက်ရှိလာခဲ့ပြီးနောက် One Direction အဖွဲ့နဲ့အတူ နာမည်ကြီးလာခဲ့သူပါ။

၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ထဲက တယောက်ဖြစ်တဲ့ ဇေယန်မလိခ်ဟာ အနု ပညာလှုပ်ရှားမှုတွေကို သီးခြားလုပ်ကိုင်ဖို့အတွက် အဖွဲ့ထဲမှ ခွဲထွက်ခဲ့ပြီးနောက်မှာတော့ One Direction အဖွဲ့အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်တာတွေ ကျဲသွားခဲ့ပြီး အဖွဲ့ဝင်တွေ သီးခြားလှုပ်ရှားမှုတွေနဲ့ ရှိနေခဲ့တာပါ။

ဟယ်ရီစတိုင်လ်ကတော့ သရုပ်ဆောင်အဖြစ်ရော၊ တေးရေးတေးဆိုအဖြစ်ပါ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး ခုထွက်ရှိလာခဲ့တဲ့ Lights Up သီချင်းကတော့ ဒုတိယမြောက် တကိုယ်တော်စတူဒီယိုတေးအယ်လ်ဘမ်ထဲ ပါဝင်မှာ ဖြစ်ပါတယ်။

One Direction အဖွဲ့အနေနဲ့ရော တကိုယ်တော်အနေနဲ့ပါ ထူးချွန်ဆုတွေ ရရှိထားတဲ့ ဟယ်ရီစတိုင်လ်ရဲ့ ဒီသီချင်းထဲက "Do You Know Who You Are?" စာသားဟာ လတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပြီး နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ US Weekly ကတော့ အရမ်းမိုက်တဲ့ တေးသွား မယ်လိုဒီနဲ့ သီချင်းတပုဒ်ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013