DVB Logo
Home
Lead Story
ရေချယ်လ်တေဇသီဆိုသည့် အနီရောင်အလွမ်း သီချင်း(ရုပ်သံ)
DVB
·
October 11, 2019
ရေချယ်လ်တေဇသီဆိုသည့် အနီရောင်အလွမ်း သီချင်း(ရုပ်သံ)
Donate to DVB

       “ငါမြင်နေတာ ဝိုးတဝါးလား… ဒီနံရံတွေဟာ စကားပြောတတ်လာ… ငါရူးသွား တော့မလား… ဒါစိတ္တဇလား… ပြဇာတ်တခုမှာ ကကြိုးပြတ်သွား”

       ဒါကတော့ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ရေချယ်လ်တေဇရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ဒီသီချင်းကိုတော့ သူကိုယ်တိုင်ပဲ ရေးစပ်ထားခဲ့တာ ဖြစ်ပါ တယ်။

       “နင်ဆိုတာဟာ မကောင်းဆိုးဝါးလား…ကိုယ်ထင်တဲ့ခဏ လူမှတ်ခဲ့တာ… ငါ့အ မှားတခုပါ မျက်လုံးများမှိတ်ထား… နင်သတ်ခဲ့တာ ဒီလိပ်ပြာများ”

       မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတေဇရဲ့ အငယ်ဆုံး ရင်သွေးတဦးဖြစ်တဲ့ ရေချယ်လ်ဟာ မြစ်အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်နဲ့အတူ ပရိ သတ်တွေကြား အားပေးမှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီသီချင်းကတော့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပထမဆုံးရုပ်ရှင်အဖြစ် အောင်မြင်ခဲ့တဲ့ ညရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုလေ့ရှိတဲ့ ရေချယ်လ်ဟာ ကာဗာသီ ချင်းတချို့ကိုလည်း ပြန်လည်သီဆိုလေ့ရှိပြီး ထူးခြားတဲ့ အသံပါရမီရှိသူလို့ ပရိသတ်တွေက သိထားကြတာပါ။

       “အဆိပ်ကြိုးများ ငါ့ကိုချည်နှောင်ထား… ဒါဆို နင်ပျော်လား…  ဒါဟာအချစ်တဲ့ လား… နင်ပေးတဲ့အပြာရောင်အိမ်မက်များ… တစ်စစီ ပဲ့ကြွေသွား… အနီရောင်အလွမ်း ဖြစ်သွား”

       ဒီသီချင်းနဲ့ ပတ်သက်ပြီးတော့ ရေချယ်လ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခုလိုရေးသားထားခဲ့တာပါ။

“အနီရောင်အလွမ်း ကို 2016 ကစရေးခဲ့တယ်။ မှတ်မှတ်ရရ ဘဝမှာ ရေးဖူးသမျှ သီချင်းထဲမှာ အမြန်ဆုံးနဲ့ မဆိုရဲခဲ့ဆုံး သီချင်းတပုဒ်လဲ ဖြစ်တယ်။ Rachel အနီရောင်အ လွမ်း သီချင်းကို လက်တွေ့အဆန်ဆုံး အကောင်ထည်ဖော်ပေးခဲ့တဲ့ အကိုတွေ အားလုံး ကျေးဇူးပါ”

ရေချယ်လ်ဟာ သိပ်မကြာသေးခင်ကလည်း လူငယ်အမျိုးသမီးတေးသံရှင်တွေ ဖြစ်ကြတဲ့ Mary၊ Gabriel Phway တို့နဲ့အတူ The Blue Night လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲတခုမှာ ပါဝင်ခဲ့ပါသေးတယ်။

အနီရောင်အလွမ်းသီချင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ထွက်ရှိထားတဲ့ သီချင်း ၇ ပုဒ်ပါဝင်တဲ့ သူ့ရဲ့ ကမ္ဘာအမည်ရတဲ့ မီနီတေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ပြီး လတ်တလော မှာတော့ ပရိသတ်တွေကြားမှာ လူကြိုက်များနေခဲ့ပါတယ်။

       “အသက်ရှူသံများ နင်ပေးခဲ့တာ… ဘဝဆိုတာ နင့်အတွက် ကစားကွင်းတခုလား… စိတ်တွေခဏ လေထဲလွင့်ကာထား… မျောပါသွား အမှိုက်တစ်ခုတဲ့လား”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013