DVB Logo
Home
မြန်မာသတင်း
ကော့သမိန်တူးမြောင်း ရေသွင်းရေထုတ် မှားယွင်းသည့်စီမံမှု ဥပဒေကြောင်းအရ ဆောင်ရွက်မည်
DVB
·
January 8, 2013
ကော့သမိန်တူးမြောင်း ရေသွင်းရေထုတ် မှားယွင်းသည့်စီမံမှု ဥပဒေကြောင်းအရ ဆောင်ရွက်မည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်က ကော့သမိန် တူးမြောင်း ရေသွင်းရေထုတ် စီမံခန့်ခွဲ့မှု လွဲမှားတာတွေကြောင့် နယ်မြေခံရွာသားတွေရဲ့ လယ်တွေ ရေမရတာ၊ တချို့လယ်တွေ ရေနစ်တာတွေအတွက် ဥပဒေကြောင်းအရ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

[caption id="attachment_17253" align="alignleft" width="300" caption="ရှေ့​နေဦးဖိုးဖြူ"][/caption]

ကော့သမိန်တူးမြောင်း ရေလွှဲပေါက်တွေကနေ သက်ဆိုင်ရာ ချောင်းတွေ၊ မြောင်းတွေနဲ့ ရေလွှဲပေါက်တွေကို ရေတွေလွှတ်ပေးရမှာဖြစ်ပေမယ့် ဆည်မြောင်းနဲ့ ရေအရင်းအမြစ် ဌာနတွေက ပိတ်ထားတဲ့အတွက် ဥပဒေကြောင်းအရ ကြိုးစားသွားမယ်လို့ ခရမ်းရောင်သာတူညီမျှ ဥပဒေ အကျိုးဆောင်အဖွဲ့က အတိုင်ပင်ခံ ဦးဖိုးဖြူက ပြောပါတယ်။

တူးမြောင်းရဲ့ တဖတ်တချက်က ငွေကြေးချမ်းသာသူတွေရဲ့ ငါးကန်တွေဆီကို ရေတွေ မလာအောင် အာဏာပိုင်နဲ့ ငွေကြေးချမ်းသာတဲ့သူတွေက လုပ်ဆောင်သလို တရားမ၀င်အင်းတွေကို ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေလည်း များလာတဲ့ အတွက် လယ်သမားတွေရဲ့ လယ်တွေ ထိခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်တဲ့အတွက် လယ်သမားတွေရဲ့ လယ်တွေ ရေမရတာတွေ တချို့လယ်တွေက ရေကြီး ရေလျှံ ဖြစ်နေတာတွေ ဖြစ်ပြီး လယ်စိုက်ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောပါတယ်။

ဒီပြဿနာကို ပထမအကြိမ် အာဏာပိုင်တွေဆီကို တင်ပြခဲ့ပေမယ့် တူးမြောင်းကြီးထဲမှာ ရှိတဲ့  အင်းသမား၊ ငါးသမားတွေရဲ့ကိစ္စကို ဖြေရှင်းပေးခဲ့ပေမယ့် လယ်သမားတွေအတွက် တစုံတရာ အရေးယူ ဆောင်ရွက်မပေးတဲ့အတွက် ဥပဒေကြောင်းအရ ကြိုးစားတာလို့ ဦးဖိုးဖြူက ပြောပါတယ်။

“တူးမြောင်းဥပဒေအရဆိုရင် ရေစီးရေလာရေသွားကို ကောင်းမွန်အောင်ဆောင်ရွက်ဖို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ အခုဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်တွေ ဥပမာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနဲ့ အင်းသမားတွေပေါင်းပြီး တရားမ၀င်အင်းတွေ၊ တရားမ၀င်အင်းဆိုတာ တူးမြောင်းထဲမှာ ငါးဖမ်းတဲ့အင်းတွေလုပ်တယ်။ အဲအတွက် ရေစီးရေလာမကောင်းတော့ဘူး။ နောက်တချက်က ရေအရင်းအမြစ်၊ ဆည်မြောင်းနဲ့ဆိုင်တဲ့ ကိစ္စပါ။ ရေထုတ်ရမယ့် ရေထုတ်ပေါက်တွေရှိပါတယ်။ အဓိကကျတဲ့ ရေထုတ်ပေါက် ၄ သွယ်ရှိပါတယ်။ အဲဒါတွေကို စုပ်ထုတ် ဖောက်ထုတ်ပေးဖို့ လိုပါတယ်။ ဒီလို ဖောက်ထုတ်ပေးခြင်းမရှိတာဟာ ငါးသမားတွေ၊ ကန်သမားတွေ၊ ရေချိုငါးလုပ်ငန်းတွေ၊ ကန်လုပ်တဲ့ သူဌေးတွေကို ကာကွယ်ဖို့အတွက် ရေမထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူပြည်သား တောင်သူလယ်သမားတွေက ခံစားနေရပါတယ်။

“ဒါကြောင့် စိုက်ပျိုးထွန်ယက်မရတာ ၂ နှစ်တောင်ဖြစ်နေတဲ့ တောင်သူလယ်သမားတွေဟာ စားဖို့တောင် မရှိတော့ပါဘူး။ ဒါတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့။ ဥပဒေမှာ နှင်းအပ်ထားတဲ့ အာဏာတွေအတိုင်း ဆောင်ရွက်ပေးဖို့ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြီးတယ်၊ ရေကြီးတယ်ဆိုတာကို အကြောင်းပြတယ်။ တကယ်တမ်းမှာ ဧရာဝတီတိုင်း ရေကျသွားတာ ကြာလှပြီ။ ဒါပေမယ့် လယ်သမားတွေရဲ့ လယ်မြေတွေထဲမှာတော့ ရေတွေက မကျဘူးဖြစ်နေတယ်။ ဘာကြောင့် ရေမကျလဲဆိုရင် ရေစီးရေလာကောင်းမွန်အောင် တူးမြောင်းတွေ၊ ဆည်တွေရဲ့ ရေလွှတ်မှုတွေဟာ မှန်ကန်ခြင်းမရှိတဲ့အတွက် တောင်သူလယ်သမားတွေဟာ စီမံခန့်ခွဲရေး မှားယွင်းမှုရဲ့ဒဏ်ကို ခံစားနေရတယ်လို့ ဥပဒေအမြင်၊ ဥပဒေ ရှုထောင့်အရ ထုတ်ပြန်ချင်ပါတယ်။”

လယ်သမားတွေရဲ့ လယ်တွေဟာ စိုက်ပျိုးမရတာ ၂ နှစ်နီးပါး ရှိပြီဖြစ်ပြီး လယ်ဧကပေါင်း ၁၅၀၀ လောက် စိုက်ပျိုးထွန်ယက်မရ ဖြစ်နေသလို တောင်သူလယ်သမား ၇၀၀ ကျော်လောက် ဒီဆိုးကျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ရေသွင်းရေလွှတ် မှားယွင်းတဲ့ စီမံခန့်ခွဲမှုဟာ ငွေကြေးချမ်းသာတဲ့ ငါးမွေးတဲ့သူတွေနဲ့ အင်းပိုင်ရှင်တွေကို အကျိုးပြုတဲ့ ဘ၀ကို ရောက်ရှိသွားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်က အဖွဲ့ဝင်ခြောက်ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဒီမြို့နယ် အတွင်းမှာ အင်းငါးဖမ်းခွင့်နဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေကို ကွင်းဆင်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013