DVB Logo
Home
Lead Story
အသစ်ထွက်ရှိလာသည့် ရော့ခ်ကာကြီး မာရဇ္ဇသီချင်းသစ်-ခေတ်ပျက်ဟာသ(ရုပ်သံ)
DVB
·
October 11, 2019
အသစ်ထွက်ရှိလာသည့် ရော့ခ်ကာကြီး မာရဇ္ဇသီချင်းသစ်-ခေတ်ပျက်ဟာသ(ရုပ်သံ)
Donate to DVB

       “အမှန်ဆိုရင်လေ… ငါဟာညံ့ဖျင်းသော… လူတယောက်တော့ မဟုတ်ဘူးထင်… လူညီရင်လေ… ဤတောင် ကျွဲဖတ်တော့… အရာတိုင်းမှာ အံချော်နေ”

       ဒါကတော့ အသစ်ထွက်ရှိလာတဲ့ ဝါရင့်ရော့ခ်တေးသံရှင် မာရဇ္ဇရဲ့ သီချင်းသစ်တ ပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

       မာရဇ္ဇလို့ပြောလိုက်တာနဲ့ ပရိသတ်တွေက သူရဲ့ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်တဲ့ ဆင်မြီးလက်စွပ်လေး၊ ကဥ္စနာ၊ ရွှေရောင်အရှုံး၊ အလွမ်းမိတ်ဆွေစတဲ့ သီချင်းတွေနဲ့အတူ ပြန်ပြီး အမှတ်ရနေကြမယ်ထင်ပါတယ်။

       ခုလတ်တလောထွက်ရှိလာတဲ့ ခေတ်ပျက်ဟာသလို့ အမည်ပေးထားတဲ့ ဒီသီချင်း ကိုတော့ မာရဇ္ဇက သူကိုယ်တိုင် ရေးပြီး ကိုယ်တိုင်သီဆိုထားခဲ့တာပါ။

       “ယုံကြည်ရာကို မှန်ကန်ရိုးဖြောင့်ရင်… တယောက်တည်းငါ ခက်ခဲတယ်… သိမ် ငယ်သူတွေ… အုံနဲ့ ကျင်းဖွဲ့လို့… အောင်ပွဲခံ အလံထူနေ”

       ပျက်စီးနေတဲ့ ခေတ်ကို လှောင်ပြောင်သရော်ပြီး ရေးဖွဲ့ထားတဲ့ သီချင်းစာသားတွေ နဲ့အတူ အပြင်းစားရော့ခ်ဂီတပေါင်းစပ်ထားမှုဟာ တကယ့်ကို ထူးခြားနေခဲ့တာပါ။

       ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar Music ကနေ ဖြန့်ချိလိုက်တာဖြစ်ပြီး မာ ရဇ္ဇရဲ့ အသစ်ထွက်ရှိလာမယ့် ဥဒါန်း တေးအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းအသစ်တ ပုဒ်ဖြစ်တယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

       “ကံကြမ္မာဟာ… ထင်သလိုဇာတ်ညွန်းရေး… ကောသလအိပ်မက် တဆယ့်ခြောက် ချက်အလား… ဒါလား… အမှန်တရား… ဘယ်မှာ ဘ၀အသစ်အစ… ဒါလား… အမှန် တရား… ရယ်စရာပဲလေ”

       ၁၉၉၂ ပြည့်လွန်ကာလတွေတည်းက ဂီတလောကထဲကို  ရောက်ရှိခဲ့တဲ့ တေးသံရှင် မာရဇ္ဇဟာ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်းများစွာ ထွက်ရှိခဲ့ပြီး အတွဲသီချင်းတွေမှာ လည်း အောင်မြင်ခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013