Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့စခန်းသို့ သွားရောက်လေ့လာ
DVB
·
October 11, 2019
x-VvVgIcoPg
Vqjj1TQuILk
mxM3ftTs8gM
KbI9O_pexk8
GHpvrulX2dU
F1n-Mh6kl20
erozVzjesA4
1yysyROJN-0
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးတပ်ဌာနချုပ်ကို သွားရောက်လေ့လာခဲ့ပြီး  ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေး၊ ပညာရေးနဲ့ ကုန်သွယ်ရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက တိုကျိုမြို့အနောက်ပိုင်းရှိ Tachikawa တပ်စခန်းနဲ့ Jindaiji ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်လေ့လာခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးတပ်ဌာနချုပ် Tachikawa မှာ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေ၊ ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ရဟတ်ယာဉ်တွေ၊ တပ်စခန်းအတွင်းလုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတို့အတွက် အသင့်စုဖွဲ့ထားရှိတဲ့ ရဟတ်ယာဉ်တွေနဲ့ လေကြောင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုလေ့လာခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ တိုကျိုမြို့ ဆင်ခြေဖုံးဒေသရှိ ဒုတိယသက်တမ်း အရင့်ဆုံး သမိုင်းဝင် ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်တဲ့ Jindaiji ဘုန်းတော် ကြီးကျောင်းကို သွားရောက်ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ကာကွယ်ရေးဝန်ကြီးဌာနမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး Mr. Taro Kono နဲ့ တွေ့ဆုံပြီး ကာကွယ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေမှု၊ ကုလသမဂ္ဂစာမျက်နှာထက်မှာ မြန်မာနိုင်ငံဘက်က မှန်ကန်စွာ ရပ်တည်ပေးခဲ့မှု စတဲ့အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြင်းထန်လာပြီး ဖြစ်ပေါ်လာတဲ့ ဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ဆိုင်ရာကိစ္စတွေမှာ နိုင်ငံအားလုံးဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပြီး သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေး၊ ပညာရေးနဲ့ ကုန်သွယ်ရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး ကျယ်ကျယ် ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်သွားရေး စတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024