DVB Logo
Home
မြန်မာသတင်း
သွေးစုပ်ဖုတ်ကောင်မင်းသား ရောဘတ်ပတ်တီဆန်ပါဝင်သည့် The Lighthouse ရုပ်ရှင်(နမူနာ)
DVB
·
October 10, 2019
သွေးစုပ်ဖုတ်ကောင်မင်းသား ရောဘတ်ပတ်တီဆန်ပါဝင်သည့် The Lighthouse ရုပ်ရှင်(နမူနာ)
Donate to DVB

  ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Twilight ရုပ်ရှင် Series တွေနဲ့ နာမည်ကျော်တဲ့ ဟောလိဝုဒ် သွေးစုပ်ဖုတ်ကောင်မင်းသား Robert Pattinson ပါဝင်တဲ့ The Lighthouse ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       Drama Fantasy Horror အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို‌တော့ A24 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Robert Eggers က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ထူးထူးခြားခြား အဖြူအမည်းရုပ်ရှင်ကားတကားအနေနဲ့ ရှုစား ကြရမှာဖြစ်ပြီး လူသူမနီးတဲ့ ကျွန်းတကျွန်းပေါ်က မီးပြတိုက်စောင့် အမျိုးသား ၂ ဦးရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

       အဲဒီလိုအခြေအနေမှာ အထီးကျန်ဆန်မှုနဲ့အတူ ဖောက်ပြန်ပြောင်းလဲတတ်တဲ့ လူ့စိတ်သဘောနဲ့ အဆိုးဝါးဆုံးအိပ်မက်တွေကနေ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာတွေကို ဒီကားထဲ ရှုစားကြရမှာဖြစ်ပါ တယ်။

       ဒီကားထဲမှာ Robert Pattinson နဲ့အတူ အကယ်ဒမီဆု ၄ ဆုအပါအဝင်ရုပ်ရှင်သ ရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Willem Dafoe ကလည်း အတွဲညီညီနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့မေလက နာမည်ကြီးရုပ်ရှင်ပွဲတော် တခုဖြစ်တဲ့ Cannes Film Festival ရဲ့ Directors' Fortnight section မှာ ကနဦးပြသခဲ့ပြီး Toronto International Film Festival မှာလည်း ပြသခဲ့တာပါ။

       ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင် ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

       IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8 အထိ ရရှိထားပြီး ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုက့တဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013